If we never met : Ten

126 25 12
                                    

*Unicode*

Seoulမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပြီဖြစ်ကြောင်း ကြေညာချက်နှင့်အတူ တဖြည်းဖြည်းနိမ့်ဆင်းလာသော မြင်ကွင်း...

ပြေးလမ်းတစ်လျှောက် ပြေးကာ ရပ်ဖို့ရာအရှိန်ယူနေသည့် လေယာဥ်ပျံထက်က ခရီးသည်များအနက် လေးလံလာပါသည့်စိတ်တို့နှင့်သူ။

ထွက်ခွာချိန်က ဆုံးဖြတ်ခဲ့သော ဘယ်တော့မှပြန်ခြေမချဆိုတဲ့ ဆုံးဖြတ်ချက်တွေက မဖြစ်နိုင်ပါလားဆိုတာ ဒီလေဆိပ်အတွင်း ပြန်ခြေချရချိန်မှာ ပိုလို့သေချာလာသည်။

ရှုပ်ယှက်ခတ်နေသောလေဆိပ်ထဲ အပြုံးများနှင့်အပြေးအလွှားပွေ့ဖက်နှုတ်ဆက်နေသူများမှာ သူ့အတွက်တော့အဓိပ္ပါယ်မရှိသလို။

ပင်ပန်းလိုက်ရတာ ဒီခရီးစဥ်က..။

"Jay..ဒီမှာတော့ Jayကိုပဲ အားကိုးရတော့မယ် ကိုယ်ကဒီကို တစ်ခါမှမရောက်ဘူးတော့"

အသက်ဝင်နေတဲ့လေဆိပ်ကြီးထဲမှာ အသက်မဲ့စပြုလာတဲ့သူ့ကို အသိဝင်လာစေသည့်စကားသံမှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း ခရီးစဥ်တစ်ခုလုံးမေ့လျော့နေခဲ့သည်ကိုပါ သတိရစေလာသည်။

Seoulမြို့မှာကျင်းပမည့် OO Company၏Fashion Showပွဲအတွက် သူနှင့်အတူ ဒီဇိုင်နာDianaပါ ပါလာခဲ့သည်ကို တစ်လျှောက်လုံး အတွေးများနေခဲ့သည့်သူက မေ့နေခဲ့ရသည်မလား။

"Sorry...ကျွန်တော်အတွေးများနေခဲ့တာ Dianaပါလာတာကိုပါ လုံးဝမေ့နေတယ်ပြောရင် စိတ်ဆိုးမလားပဲ"

သူကပွင့်ပွင့်လင်းလင်းပြောတော့ သူမကရယ်သည်။

"Jayကိုစိတ်ဆိုးရအောင်လည်း ကိုယ့်မှာစိတ်ကူးမရှိပါဘူးနော်..ဒီမြေကJayမြေဆိုတော့ ကိုယ်မင်းကိုတော့ ကပ်ပေါင်းထားရမယ်မလား မတော်လို့မှ ကိုယ့်ကိုရောင်းစားသွားရင် ဘယ်နှယ့်လုပ်ရပါ့"

အနောက်တိုင်းသူပီပီ သူမစကားပြောပုံက ထူးဆန်းသည်။

ပုံမှန်သူကြားနေရကျ၊ မြင်နေကျလိုမျိုး မဟုတ်တဲ့ သူမပြောဆိုဆက်ဆံပုံက ထူးဆန်းတော့ သူမက ခင်မင်ချင်စရာအသွင်ပင် သူ့အတွက်ကတော့။

If we never metWhere stories live. Discover now