If we never met : Eight

121 26 3
                                    

*Unicode*

"ကျွန်တော်တို့ တွေ့ကြရအောင် မောင်"

အိမ်တွင်းကအိမ်ပြင်မထွက်၊ အလုပ်မသွားဘဲ အိမ်တွင်းပုန်းနေခဲ့တဲ့ ငကြောက်လိုသူ့ကို တစ်ပတ်အကြာမှာ စာတစ်စောင်နဲ့ ခေါ်ထုတ်ခဲ့တဲ့ယုံးငယ်။

ဘာကိုမှမပြင်မဆင်၊ တစ်ပတ်အတွင်း မရိတ်လို့ ရှည်ချင်နေသောနှုတ်ခမ်းမွေးရေးရေးတို့အပြင် ရှုပ်ရှုပ်ပွပွသူ့ပုံစံကြောင့် မျက်မှောင်တွေကို ကွေးညွတ်ပစ်တဲ့ ယုံးငယ်က စိတ်ဆိုးနေတဲ့ကလေးလေးကျလို့။

ဖက်နမ်းပစ်စရာကောင်းနေတဲ့ ယုံးငယ်ရှေ့မှာ သူကခပ်အေးအေးသာ ဝင်ထိုင်လိုက်တော့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ပစ်ပြန်သေးတာ။

ဘေးမှာလာမထိုင်လို့ စိတ်ဆိုးပြချင်နေတာသိပေမဲ့ သူကမသိသယောင် ဆောင်ပစ်လိုက်တာပဲ။

တစ်ပတ်အတွင်းမှာ သူစဥ်းစားမိသမျှက သူကယုံးငယ်အပေါ် သွေးအေးပစ်လိုက်ချင်တာချည်း။

အမှန်တကယ်သွေးမအေးနိုင်သေးတဲ့သူက အခုချိန်မှာ ဟန်ဆောင်ကောင်းနေခြင်းတစ်ခုသာ။

"ဘာလို့အလုပ်မလာတာလဲ ကျွန်တော့်ဖုန်းကိုကော ဘာလို့မကိုင်တာလဲ"

"အလုပ်မလာတာက ကျွန်တော်ထွက်လိုက်ပြီမို့ TYကနေ.."

"ဘာ?"

"ဖုန်းမကိုင်တာက မောင်က ယုံးငယ်ကို မေ့ပစ်ဖို့ လုပ်နေလို့"

တဖြည်းဖြည်းချင်းနီရဲလာသည့် မျက်သားဖြူဖြူတွေက ဒေါသတွေကြောင့်လား။

"ဘယ်သူခွင့်ပြုချက်နဲ့လဲမင်း..မောင်က"

အရင်ကမောင်လို့ ခေါ်သံကြားရင် ဖျပ်ဖျပ်လူးနေတတ်တဲ့ ရင်ထဲက လိပ်ပြာတွေ အခု သေသွားတာလား သူတကယ်မသိတော့။

သွေးအေးပြဖို့ ဟန်ဆောင်ရင်းက တကယ်ပဲ အေးခဲသွားနေတာလား သူ့နှလုံးသားက။

"မောင်က စိတ်ဆိုးနေသလား ကျွန်တော့်ကိုလေ"

"ကျွန်တော်က ယုံးကို စိတ်ဆိုးခွင့်ရှိပါရဲ့လား"

အကန်စကားတွေနဲ့ အလိုမကျစရာစကားတွေပဲ ပြောနေတဲ့သူ့ကို ယုံးငယ်က စိတ်ဆိုးလာပြီထင်တယ်။

If we never metDove le storie prendono vita. Scoprilo ora