If we never met : Three

205 45 8
                                    

*Unicode*

"အချစ်ကဘာလဲဂျယ်ဟျွန်း..."

ရုတ်တရက်မေးလာတဲ့ထိုမေးခွန်းက သူ့နှလုံးသားထက်မြည်ဟည်းသည်။

အချစ်ကဘာလဲတဲ့
အဖြေမရှိတဲ့ ထိုမေးခွန်းကို သူဘယ်လိုဖြေရမလဲ။

သူ့အတွက်အချစ်က အဓိပ္ပါယ်သတ်မှတ်ခြင်းတွေကင်းတဲ့ စိတ္တဇနာမ်သက်သက်သာဖြစ်ကြောင်းနဲ့ အချစ်လို့ဆိုတိုင်းယုံးငယ်ဟုသာ မြင်တတ်ကြောင်းကို ဖြေမိရင် ရင်ခွင်ထဲကလူသားကစိတ်ဆိုးလောက်လား။

"အချစ်..အချစ်က ကျွန်တော့်အတွက်အေးချမ်းခြင်း"

စိတ်ထဲပေါ်လာရာ ဖြေလိုက်မိတဲ့အဖြေက သူ့အတွက်တစ်စိတ်တစ်ပိုင်းတော့မှန်စေသည်။

"အေးချမ်းခြင်း...ဘယ်လိုအေးချမ်းခြင်းလဲ"

"ကျွန်တော်ချစ်ရတဲ့လူသားလေးကို ငေးကြည့်နေရရင်ကို ကျွန်တော်နှလုံးသားတစ်ခုလုံး နွေးထွေးပြီး လူကအေးချမ်းနေမိတယ် ပူလောင်ရခြင်းတွေရှိလာတိုင်း သူ့ကိုကြည့်လိုက်မိရင် ကျွန်တော့်စိတ်ကငြိမ်းချမ်းသွားရတယ်...အချစ်ကအေးချမ်းခြင်းရယ်လို့မဟုတ်ပေမဲ့ ကျွန်တော်ဒီထက်ပိုအဓိပ္ပါယ်မဖွင့်တတ်ဘူးယုံး..."

ယုံးငယ်ကြောင့်နာကျင်ဖူးတယ်။
ယုံးငယ်ကြောင့်ပူလောင်ရဖူးတယ်။
ထပ်ပြီးလည်းယုံးငယ်ကြောင့်အေးချမ်းရဖူးတယ်။

ရှင်သန်ချင်စိတ်မရှိတော့တဲ့အချိန် ယုံးငယ်ကရောက်ရှိလာပြီး ကျွန်တော့်ကိုအေးချမ်းစေပြီး ရှင်သန်စေခဲ့တယ်။

အချစ်ကယုံးငယ်ဖြစ်ပြီး ယုံးငယ်ကကျွန်တော်ရဲ့အေးချမ်းခြင်းလေးလည်း ဖြစ်တယ်။

"မင်းမှာချစ်ရတဲ့သူရှိနေတာပေါ့ဂျယ်ဟျွန်း"

အတက်အကျမရှိတဲ့မေးခွန်းက သူ့ကိုထိတ်လန့်စေသည်။

"အင်း..အင်းရှိတယ်"

"ဘယ်သူလဲ"

ယုံးငယ်လို့ပြန်ဖြေလိုက်ချင်သော်လည်း သူ့မှာသတ္တိမရှိပါ။

"ဒီ...ဒီတိုင်းကောင်မလေးတစ်ယောက်ပါပဲ"

မချောမွေ့လှတဲ့အလိမ်အညာစကားက သူ့ဆီကနေအလွယ်တကူထွက်လာခြင်းမဟုတ်။

If we never metWhere stories live. Discover now