If we never met : Two

217 46 10
                                    

*Unicode*

"Jay...မင်းကိုBossခေါ်နေတယ်"

"ဘာကိစ္စရှိလို့တဲ့လဲWilliam"

"ငါလည်းမပြောတတ်ဘူး သွားကြည့်လိုက် သိရလိမ့်မယ်"

"အင်းပါ"

ဆွဲလက်စDesignကို ရပ်ထားခဲ့ပြီး Bossရုံးခန်းကိုသွားလိုက်သည်။

Bossရဲ့စားပွဲရှေ့မှာ မတ်တပ်ရပ်နေသောသူတို့ဌာနက ကောင်မလေးက သူ့ဝင်လာတာမြင်သည်နှင့် ပြုံးပြလာသည်။

အလိုက်သင့်ပြန်ပြုံးပြလိုက်သော်လည်း သူ့နှုတ်ခမ်းတွေကလမ်းတစ်ဝက်မှာတန့်သွားသည်။

အပြုံးမမည်တဲ့အပြုံးတစ်ခုသာ တုံ့ပြန်လိုက်နိုင်ခြင်းက စကားလေးတစ်ခွန်းကြောင့်ဖြစ်တည်လာသည့် သူ့အတွက်အကျင့်မမည်တဲ့အကျင့်တစ်ခုကြောင့်ဖြစ်သည်။

"ငါ့ထက်ပိုပြီး ဘယ်သူ့ကိုမှမပြုံးပြချင်နဲ့မောင်
မင်းအပြုံးတွေကငါ့အပိုင်
မင်းရဲ့ပါးချိုင့်နက်နက်လေးက ငါတစ်ယောက်တည်းအတွက်အိပ်စက်ရာဖြစ်ရမယ်မောင်..."

နှစ်တွေ၊အချိန်တွေကြာနေခဲ့ပြီ။
ပြောင်းလဲမှုတွေအထွေထွေကြား
ဒီအမိန့်လေးကသူ့အပေါ်အကြွင်းမဲ့သက်ရောက်နေဆဲ။

"Boss ခေါ်တယ်ဆိုလို့"

"ဟုတ်တယ်Jay...မင်းကိုခိုင်းစရာတစ်ခုရှိလို့ခေါ်လိုက်တာ ခဏနော်"

Bossကစားပွဲပေါ်ကဖိုင်တွေကြားမှ ဖိုင်အဝါလေးကိုထုတ်ပြီး သူ့ကိုကမ်းပေးလာသဖြင့် လှမ်းယူကာဖွင့်ကြည့်လိုက်သည်။

ဖိုင်ကိုကိုင်ထားသောလက်တွေက တုန်ယင်လာသည်။
တုန်လှုပ်လာသောရင်အစုံမှာ ခံစားချက်တွေပြွတ်သိပ်လျက်။

"ဒါက Boss...."

"ဟုတ်တယ်Jay မင်းဦးဆောင်လုပ်ရမဲ့Project ခရစ္စမတ်ပိတ်ရက်ပြန်ဖွင့်တာနဲ့ မင်းအဲ့ကုမ္ပဏီကိုသွားရမယ်"

"ဘာလို့ကျွန်တော်လဲBoss ဒီမှာဒီဇိုင်နာတွေအဲ့လောက်များတာ"

"မင်းနဲ့သင့်တော်လို့ပေါ့ ပြီးတော့Seoulကမင်းဇာတိလေ ဒီProjectအတွက်မင်းကအသင့်တော်ဆုံးလူပဲ"

If we never metWhere stories live. Discover now