If we never met : Four

162 38 7
                                    

*Unicode*

အချိန်တွေ၊ နာရီတွေက လူကိုလှည့်စားတတ်သည်လား။

မြန်မြန်ကုန်စေချင်တဲ့အခါ အချိန်တွေကကြာနေတတ်ပြီး မကုန်စေချင်တဲ့အခါ လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားတော့သည်။

ခပ်မြန်မြန်ကုန်ဆုံးသွားသောအချိန်တွေကြောင့် သူနဲ့အတူကုမ္ပဏီကကောင်မလေးက သူခြေမချချင်ခဲ့သောဆိုးလ်မြို့ကိုသွားရန် လေယာဥ်ပေါ်နေရာယူပြီးကြပြီ။

တစ်စတစ်စမြှင့်တက်သွားသောလေယာဥ်နှင့်အတူ မျက်လုံးတွေကိုမှေးမှိတ်ပစ်လိုက်သည်။

နာရီပိုင်းအတွင်းဆိုးလ်ကို ပြန်ခြေချရတော့မည်။

ဘာဖြစ်လာမလဲ မသိနိုင်တဲ့ကိစ္စတွေအတွက် သူအားမွေးထားမှဖြစ်လိမ့်မည်။

မှေးမှိတ်လိုက်တဲ့မျက်ဝန်းတွေနောက်မှာ အတိတ်တွေက တဖြည်းဖြည်းနှင့်သူ့ကိုဝါးမြိုလို့လာခဲ့ပြန်သည်။

လွတ်မြောက်ဖို့ကြိုးစားလည်း မလွတ်မြောက်တဲ့အခါ သူထပ်ပြီးမကြိုးစားတော့ဘဲ အတိတ်တွေထဲက တစ်စုံတစ်ယောက်ကို လိုက်လို့ရှာဖွေမိပြန်သည်။

ဒါပါပဲ
သံသရာလည်နေခဲ့တဲ့ အဖန်တရာထပ်ဇာတ်တွေ။

လွတ်ချလိုက်ဖို့ကြိုးစားနေခဲ့တာလည်း သူပဲဖြစ်ပြီး ဖမ်းဆုပ်ထားမိတာလည်း သူပဲဖြစ်နေပြန်သည်။

ချစ်ခြင်းကသူ့ကိုရူးသွပ်စေခဲ့ပြီး
သူကရူးသွပ်ရခြင်းမှာ ပျော်မွေ့နေခဲ့သည်။

"ငါမင်းကိုမချစ်တော့ဘူး ယုံးငယ်
မောင်မင်းကိုမချစ်တော့ပါဘူး"

တကယ်လို့ မောင်တို့ပြန်တွေ့ခဲ့ရရင် မင်းကိုအဲ့လိုပြောမယ်ယုံးငယ်။

ငါမင်းကိုမချစ်တော့ဘူး။

ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်
ဒီလိုမျိုးကိုယ့်ကိုကိုယ်လိမ်ညာနေတဲ့ငါက ဖြစ်တည်လာလိမ့်မှာမဟုတ်ဘူး....။

အချစ်တစ်ခုကိုပဲကြည့်ခဲ့တဲ့၊ မင်းကိုပဲရူးသွပ်ခဲ့တဲ့၊ ဒီလိုနာကျင်နေရတဲ့ငါက ဒီလောကကြီးမှာတည်ရှိနေမှာမဟုတ်ဘူး။
.....။.....

If we never metWhere stories live. Discover now