If we never met : Eleven

147 25 3
                                    

*Unicode*

"တင်!"

သူဘဲလ်တီးလိုက်ပြီး ငါးမိနစ်မကြာခင်မှာပဲ တံခါးခေါက်သံနဲ့အတူ ဟျောင်းကအခန်းထဲဝင်လာသည်။

"ကျွန်တော်နိုးနေပြီမလို့ သွားဖို့ပြင်ဆင်ရအောင် ခေါ်လိုက်တာဟျောင်း..အနှောင့်အယှက်ဖြစ်သွားသလား"

သူ့စကားကို အပြုံးတစ်ခုနဲ့အတူ ဟျောင်းကခေါင်းခါပြလာသည်။

"မဖြစ်ပါဘူး မဟုတ်တောင် ဟျောင်းကလာနိုးတော့မလို့ကို"

"ဟုတ်ဟျောင်း"

"မင်းကဒီနေ့တော့တက်ကြွနေပါတော့လား ဟျောင်းလာမနှိုးခင်တောင် နိုးလို့ဆိုတော့"

ကုတင်နားရောက်လာတဲ့ဟျောင်းက သူ့ကိုအကူအညီပေးရင်းက ပြုံးစိစိနဲ့သူ့ကိုစသည်။

"ဟျောင်းသိသားနဲ့.."

ဟျောင်းကအကြောင်းသိသားနဲ့ စကားလုပ်မေးတော့ သူကရှက်လာသလိုခံစားရသည်။

အရင်ကမာနကြီးတဲ့ သူ့ရဲ့ပုံရိပ်ကပျောက်ဆုံးလို့..

"ဟုတ်ပါပြီ ရှက်မနေပါနဲ့တော့ သခင်လေးအီထယ်ယုံးရယ် မျက်နှာသစ်ရေချိုးနှင့် ဟုတ်ပြီလား..ဟျောင်းအခန်းရှင်းရင်း အဝတ်အစားတွေပြင်ထားပေးမယ် ပြီးရင်တံခါးခေါက်လိုက်နော်"

"Nae"

ရေချိုးခန်းထဲသူရောက်သွားတာနဲ့ ဟျောင်းကတံခါးကို အသာပိတ်ပြီး သူ့အလုပ်သူဆက်လုပ်သည်။

သူလည်းပဲ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းစဥ်တွေကို ကျင့်သားရစွာ စတင်လိုက်သည်။

အစကခက်ခဲခဲ့သောအရာတွေက သုံးနှစ်အကြာမှာ သူ့အတွက် အခက်အခဲမရှိတော့။

ဒီလိုပါပဲ သူကပုံမှန်အတိုင်းရှင်သန်နေရင်း သူ့ကိုသူရှာဖွေနေခဲ့တာ။

သူ့ကိုသူရှာတွေ့ပြီးနောက်မှာတော့ သူ့ဘဝထဲမရှိတော့တဲ့ရတနာလေးကို ဆုပ်ကိုင်နိုင်ဖို့ရာ ပင်ပန်းလွန်းစွာ ကြိုးပမ်းရပြန်သည်။

ရေထဲကလရဲ့အရိပ်ကို ဆုပ်ကိုင်ဖို့ကြိုးစားနေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ သူဟာလည်း ဝေးကွာလွန်းတဲ့ကြယ်လေးကို ဆွတ်ခူးဖို့ကြိုးစားနေတဲ့ အရူးတစ်ယောက်ပဲ။

If we never metWhere stories live. Discover now