If we never met : Fourteen

59 8 2
                                    

*Unicode*

ကျက်စပြုလာသောကွဲအက်ကြောင်း အသစ်တစ်ချို့နဲ့ သွားလာလှုပ်ရှားနေရင်း အချိန်တွေကုန်ဖို့ရာ ဆုတောင်းနေရသည်က ဒီမြေကနေပြန်လည်ထွက်ခွာချင်လို့. . ။

OOကုမ္ပဏီရဲ့CEOက ယုံးငယ်လို့သိရချိန်မှာ သူ့မှာအံ့ဩခြင်းတောင်ရှိမနေတော့။

ဂေယာမှာတွေ့ဆုံပြီးရကတည်းက OOကုမ္ပဏီကို သူသွားရတဲ့အချိန်ခဏတိုင်းမှာ သူယုံးငယ်ကိုတွေ့လာရသည်။

တစ်ပတ်အတွင်းမှာ ဆယ်ခါလောက်ကိုတွေ့ရပြီး ကံကြမ္မာက သူ့ကိုပြန်ကစားနေပြီဖြစ်ကြောင်း သူ့မှာလက်ခံရသည်။

ဂျွန်ဝူးဟျောင်းနဲ့အမြဲအတူတွေ့ရတဲ့ ယုံးငယ်ဘေးမှာတော့ ကောင်မလေးရဲ့အရိပ်အယောင်ကိုမမြင်ရပေမဲ့ ခိုးကြည့်ဖို့ရာတောင် သူ့မှာစိတ်မလုံခဲ့ရ။

အလုပ်ကိစ္စကလွဲပြီး အပိုမပြောဖြစ်ကြတော့တဲ့သူတို့ကြား အနေခက်မှုတွေကကွယ်ပျောက်လို့ သာမန်လေထုကသာရှိနေခဲ့သော်လည်း ယုံးငယ်နဲ့တွေ့ဆုံရတိုင်း သူ့မှာရင်ထဲထူးထူးဆန်းဆန်း. . ။

ပျောက်ဆုံးနေခဲ့တဲ့CEOက ရုတ်တရက်အမြဲတမ်းရှိနေခဲ့သည့်အပေါ် Dianaရဲ့တုံ့ပြန်မှုကတော့ ဆန်းကြယ်သည်။

ကလေးလေးနဲ့တူတဲ့CEOက ချစ်စရာကောင်းသလို လေးစားစရာလည်းကောင်းကြောင်းနှင့် ဘယ်သူနဲ့မှ မတူတဲ့ အရှိန်အဝါက ဝှီးချဲနဲ့ဖြစ်နေတောင် ဘယ်သူကမှ ယုံးငယ်ကိုမထိပါးရဲလောက်အောင် တောက်ပကြောင်း တွေ့ရပြီးတိုင်းပြောတတ်တဲ့Dianaစကားတွေကြောင့် သူ့မှာဘာမှမဆိုင်ဘဲ ဂုဏ်ယူစွာပြုံးခဲ့ရသည့် အခိုက်အတန့်တွေလည်းရှိခဲ့ရသည်။

ရူးသွပ်ပြီးရင်းရူးသွပ်နေရတဲ့အခြေအနေကနေ ရုန်းထွက်ဖို့ရာ အချိန်တိုင်းထပ်ထွက်ပြေးပစ်ဖို့ အစိုးရနေခဲ့သည့်သူ့စိတ်. . ။

ဂျောင်ဂျယ်ဟျွန်းက ဘယ်တုန်းကမှ သတ္တိမရှိခဲ့သလို အခုထိ. .

သတ္တိကြောင်နေခဲ့သည့် အသုံးမကျတဲ့လူတစ်ယောက်သာ။

"အဲ့CEOလေးရဲ့ခြေထောက်တွေက ဘာဖြစ်ထားတာဖြစ်မလဲ"

အခုလည်းMeetingကနေအပြန်လမ်းမှာ Dianaအတွက်စိတ်ဝင်စားစရာဖြစ်နေသည်က ယုံးငယ်သာ။

You've reached the end of published parts.

⏰ Last updated: Jan 30 ⏰

Add this story to your Library to get notified about new parts!

If we never metWhere stories live. Discover now