If we never met : Five

174 42 3
                                    

*Unicode*

"ကျွန်တော်မင်းကိုချစ်တယ် ယုံးငယ်"

မရည်ရွယ်ပါဘဲ ဖွင့်ဟမိလိုက်သောသူ့ရင်ထဲသိမ်းထားရသော စကားတွေ။

"ယုံးငယ်..အင်း ကျွန်တော်မင်းကို မြတ်နိုးရလွန်းလို့ ယုံးငယ်ဆိုပြီးတိတ်တဆိတ်ခေါ်ဆိုနေခဲ့တာ မင်းသိရင်စိတ်ဆိုးမလားမသိပေမဲ့ ယုံးငယ် ယုံးငယ်ဆိုပြီး တဖွဖွခေါ်ပြီး ကျွန်တော်ရင်ခွင်ထဲထည့်ဖက်ထားချင်မိတာ..တစ်သက်လုံးပေါ့"

မူးနေရင်လူတွေက စကားအမှန်တွေထုတ်ပြောတတ်တယ်တဲ့။

"ကျွန်တော်လေ အဲ့နေ့ကကားပေါ်မှာ ထိုင်နေတဲ့ယုံးငယ်ကို တွေ့ကတည်းက တိတ်တိတ်လေးမြတ်နိုးနေရတာ မြင်မြင်ချင်းအချစ်ဆိုတာမပြောနဲ့ အချစ်ဆိုတာဘာမှန်းတောင်မသိတဲ့ကျွန်တော်က ယုံးငယ်အကြည့်တစ်ချက်နဲ့အပြုံးတစ်ခုအောက်မှာ ကျရှုံးခဲ့ရတာအလူးအလဲပဲ..ကျွန်တော်ယုံးငယ်ကိုသိပ်ချစ်တာပဲ"

အသိစိတ်ပျောက်လုပျောက်ခင်ဖြစ်နေသောဂျယ်ဟျွန်းက စိတ်ထဲရှိသမျှကို အရှေ့ကလူသားလေးအားငေးကြည့်ရင်း ဖွင့်ဟနေတော့သည်။

စေ့စပ်ပွဲပြီးတဲ့အချိန်မှာပဲ အတူတူသောက်ရအောင်ဆိုပြီး သူ့တိုက်ခန်းကိုပါလာသောယုံးငယ်နဲ့ သောက်ရင်းက ခံစားချက်တွေကြောင့် ယုံးငယ်ထက်ပိုသောက်နေမိတဲ့သူက အရင်မူးနေပြီး ဘာကိုမှမတွေးတောနိုင်တော့ဘဲ ပြောချင်သမျှကို ထုတ်ပြောနေမိတော့တာ။

"ယုံးငယ်ကိုကျွန်တော်ကချစ်တာလေ ဒါမဲ့ကျွန်တော်ကကံမကောင်းဘူး ယုံးငယ်ကလည်းဆိုးတယ် သူမနဲ့မယူဘဲ ကျွန်တော့်ကိုပဲယူလို့မရဘူးလားဗျာ..."

ခစ်ခနဲထွက်ချလာသောရယ်သံလေးကြောင့် မျက်မှောင်ကြုတ်ကာ ငိုက်စိုက်ကျနေသောခေါင်းကိုမော့လိုက်သည်။

ဝိုးတိုးဝါးတားအမြင်အာရုံကြားက ပြုံးနေသောယုံးငယ်က မြတ်နိုးစရာရယ်။

"ကျွန်တော်ခံစားချက်တွေကိုလှောင်တာလား ယုံးငယ်က..ခင်ဗျားလေးက!"

လက်ညှိုးထိုးကာရန်တွေ့မလို့လုပ်လိုက်ပေမဲ့ ဝေဝါးနေသောမြင်ကွင်းကြားက နီးကပ်လာသောမျက်နှာနုနုလေးနှင့် ပါးနှစ်ဖက်ကိုအုပ်ကိုင်လာသော နူးညံ့သည့်လက်လေးနှစ်ဖက်ကြောင့် သူ့စကားတွေကရပ်တန့်သွားရသည်။

If we never metWhere stories live. Discover now