If we never met : Twelve

90 11 9
                                    

*Unicode*

လေအေးလေးတစ်ချက် ဝေ့တိုက်လိုက်တာနဲ့ ပိုအေးလာတဲ့ကိုရီးယားရဲ့အေးစိမ့်စိမ့်ရာသီဥတုအောက်မှာ ဟူဒီအနွေးထည်အိတ်ကပ်ထဲ လက်နှိုက်လို့ လူတွေကြားထဲဖြတ်လျောက်ရသည်။

အေးစိမ့်နေတဲ့ရာသီဥတုကြောင့် ပူးကပ်ကာလျှောက်နေကြတဲ့ တစ်ချို့သော အတွဲတွေက သူ့ကိုအတိတ်တွေထဲပြန်ဆွဲခေါ်သည်။

ဒီလိုမျိုးပဲ ကိုရီးယားရဲ့အရိုးထဲစိမ့်အောင်အေးသည့် ရာသီဥတုမှာ သူ့ကယုံးငယ်လက်ကိုဆုပ်ကိုင်လို့ အနွေးဓာတ်ပေးရင်း လျှောက်သွားဖူးသည်။

အိမ်နဲ့အဆင်မပြေတိုင်းနီးပါးမှာ သူ့ဆီရောက်ရောက်လာတတ်တဲ့ယုံးငယ်ကို စိတ်ပြေလက်ပျောက်ခေါ်ထုတ်လို့ အေးစက်နေတတ်တဲ့ ယုံးငယ်လက်ကို နွေးစေရင်း ဆိုးလ်မြို့ကလမ်းတွေပေါ် ခြေရာတွေထပ်စေခဲ့တာ. . ။

အဲ့လိုမျိုး သူနဲ့ယုံးငယ်ရဲ့ခြေရာတွေထပ်ခဲ့ဖူးသော ဆိုးလ်မြို့ကလမ်းမတွေထက်မှာ အခုတော့ သူတစ်ယောက်တည်းအအေးဒဏ်ကို အံ့တုရလို့။

သူ့လိုမျိုး တစ်ကိုယ်တည်းလျှောက်နေတဲ့သူများရှိနေပေမဲ့ သူ့လောက်တော့အထီးမကျန်နေကြသလို။

ဆိုးလ်မြို့မှာနေရတဲ့ အချိန်နှစ်ပတ်က ဒီဇိုင်းတွေပုံဖော်ရင်းက ဘာမှမဟုတ်သလို ကုန်သွားရပြီး အနားရတဲ့အချိန်တွေတိုင်းလည်း သူကဒီလိုမျိုး လမ်းမတွေထက် လျှောက်သွားပစ်လိုက်တတ်တာ. . ။

တိုက်ခန်းထဲ တစ်ယောက်တည်းဂျောင်ပိတ်လို့ အတွေးတွေထဲနစ်မြှုပ်နေရတာကို သဘောကျတဲ့သူက ဆိုးလ်ကိုပြန်ရောက်လာချိန်မှာ တစ်ယောက်တည်းဂျောင်ပိတ်မနေလိုတော့။

အသစ်ကနေပြန်စလိုက်ဖို့ အတင်းတောင်းတောင်းတတမလိုလားခဲ့တဲ့သူက အခုတော့လိုလားလာခဲ့သလို။

တစ်ချိန်လုံး နှလုံးသားရဲ့အတွင်းနက်နက်ထဲမှာ နေရာယူနေခဲ့တဲ့ ယုံးငယ်ကသူ့အပိုင်လေးဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးက ဆိုးလ်မြို့ရဲ့ပုံရိပ်တွေကြားပျောက်ကွယ်လာရတဲ့အခါ သူကတစ်ယောက်တည်းရှိနေရဖို့ကို ငြင်းဆန်လာခဲ့တော့တာ. . ။

If we never metWhere stories live. Discover now