If we never met : Thirteen

88 13 5
                                    

*Unicode*

ညင်းသဲ့သဲ့တိုက်ခတ်နေတဲ့ ဆောင်းလေအေးကြား မအေးနိုင်တော့တာ ပူလောင်နေတဲ့ရင်ခွင်တစ်စုံကြောင့်ပဲလား. . ။

သူ့နွေးထွေးမှုလေးက သူ့မျက်စိရှေ့မှာရှိနေခဲ့လို့ပဲလား. . ။

ဦးတည်ချက်မရှိငေးမောနေတဲ့ မှိုင်းညှို့ညှို့မျက်ဝန်းလေးတွေက အရင်လိုမတောက်ပနေတဲ့အခါ သူကလောကကြီးကို မီးရှို့ပစ်ချင်ရ. .။

မြူခိုးများဆိုင်းနေသလို အရည်ကြည်များဝေ့ဝဲနေသော မျက်ဝန်းလေးတွေကြောင့် ဒီသူဟာ ပူလောင်နေရတာ ယုံးငယ်ကသိမှာမဟုတ်ဘူး။

"ယုံးငယ်. ."

သူကခေါ်တော့ သူ့ကိုလှည့်ကြည့်လာသည့်မျက်ဝန်းတွေက ရေသေလေးလို။

"မတွေ့တာကြာတော့ပိန်သွားလိုက်တာ."

"အွန်းနော် ကျွန်တော်တို့မတွေ့တာ အတော်ကြာပြီပဲ"

အများကြီးပြောင်းလဲသွားတဲ့အထဲ ယုံးငယ်ရဲ့အမူအကျင့်တွေကောပါမယ်ထင်တယ်။

ခပ်ပြုံးပြုံးလေးပြန်ဖြေတဲ့ယုံးငယ်က သူသိခဲ့ဖူးတဲ့ယုံးငယ်နဲ့မတူသလို။

အရင်ကပုံစံကပဲလုပ်ယူထားခြင်းလား ဒါကအစစ်လား?

"အချိန်ကပြောင်းလဲခြင်းတွေကိုယူဆောင်လာတယ်တဲ့ ကျွန်တော်ကော ဂျယ်ဟျွန်းကော ဒီသုံးနှစ်အတွင်း အများကြီးပြောင်းလဲသွားပြီပဲနော်"

မောင့်အချစ်တွေရှိသေးတယ် ယုံးငယ်. .
မင်းမသိပါဘူး. . ။

"ကျွန်တော်ဂျယ်ဟျွန်းကို ပြောစရာတွေအများကြီးရှိခဲ့တာ ဒါမဲ့အခုတော့ ပြောစရာတွေမရှိတော့သလိုပဲ ရယ်ရသားနော် . . "

ဟုတ်တယ်ယုံးငယ်. .ကိုယ်လည်းအများကြီးတွေးခဲ့ဖူးတယ် မင်းနဲ့မတော်တဆပြန်တွေ့တဲ့အခါ ကိုယ်ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကိုလေ. .

လက်တွေ့ကျတော့ မတူလိုက်တာ ကိုယ့်မှာမင်းကိုမြင်ပြီး အလဲလဲအကွဲကွဲ. . ။

လက်လွတ်ခဲ့ရတာကိုနောင်တရပြီး ပြေးဖက်ခဲ့မိရတာလည်း အိပ်မက်တစ်ခုလိုပဲ. .။

"ကိုယ်.."

"အစ်ကိုယုံး!"

သူ့စကားတွေကိုရပ်တန့်သွားစေသော ခေါ်သံက သူ့နားတွေနှင့်မစိမ်းနေ။

If we never metWhere stories live. Discover now