[ 17 ]

34.2K 3K 71
                                    

[ သူကြီးသမက် ]

" ဘုတ် "

" ရိုးအထုပ်ပြုတ်ချပြီ ဆိုင်ကယ်ခဏရပ်ပေးဦး "

အထုပ်တွေမနိုင်မနင်းနဲ့အရိပ်ဆိုင်ကယ်နောက်ကနေအထုပ်တွေကခဏခဏပြုတ်ကျနေတော့ ရိုးစိတ်မရှည်တော့။

" အဲဒါကြောင့်ပြောတာ မလိုအပ်တာတွေမဝယ်ပါနဲ့ဆိုတာကိုကားများထင်နေလား ဒါကဆိုင်ကယ်ပြန်ရမှာကတစ်မိုင်နှစ်မိုင်မဟုတ်ဘူး မိုင်ခြောက်ဆယ်ကျော်ဘယ်တော့မှကိုယ့်စကားကိုနားမထောင်ဘူး  !"

အရိပ်အထုပ်ကောက်ပြီး ဆိုင်ကယ်နားပြန်လာတော့ အရိပ်ကိုစိတ်တိုစွာအော်ငေါက်နေတဲ့ရိုးကြောင့် အရိပ်ဘာမှပြန်မပြောရဲဒါကသူ့အမှားလေ ဘုရားကအပြန်ကောင်းမွန်ထဲဝင်တော့ လိုချင်တာဝယ်ချင်တာတွေကတန်းစီလို့ ရိုးကအပြန်မနိုင်မှာစိုးလို့မဝယ်နဲ့နောက်ရက်မင်္ဂလာဆောင်ပြီးရင်ပြန်လိုက်ပို့ပေးမယ်လို့ပြောနေတဲ့ကြားထဲကအရိပ်လိုချင်တာတွေကိုရအောင်ဝယ်ခဲ့တာဖြစ်သည်။

" သွား ! ဟိုနားကဆိုင်မှာကြက်ဖအိတ်တစ်လုံးသွားဝယ်လာခဲ့ !"

အရိပ်လည်း ရိုးစကားအတိုင်းကုန်စုံဆိုင်တစ်ခုဆီလျှောက်သွားလိုက်၍ ကြက်ဖအိတ်ကြီးကြီးတစ်လုံးဝယ်ပြီး ရိုးရပ်နေတဲ့ဆိုင်ကယ်နားပြန်လျှောက်လာခဲ့လိုက်သည်။

" ရိုး , ရပြီ "

" ကိုင်ထား "

အရိပ် ရိုးပြောတဲ့အတိုင်းအိတ်ကိုကိုင်ထားပေးလိုက်တော့ ရိုးကပစ္စည်းတွေအကုန်အိတ်ထဲထိုးထည့်လာသည်။

" ဟာ ၊ ရိုး ပိုးပုဆိုးနဲ့တိုက်ပုံအင်္ကျီတွေကြေကုန်မယ်လေ "

" ကြေပါစေ‌တော့ ဒီလိုမှမထည့်ရင်တစ်လမ်းလုံးကိုင်လာမှာလား အပြန်ဖိတ်စာဆိုင်မှာဖိတ်စာတွေကလဲဝင်ယူရဦးမှာ !"

အရိပ် ရိုးရဲ့လေသံခပ်မာမာနဲ့အပြောကြောင့် ဘာမှဆက်မပြောတော့ ခေါင်းကိုငုံ့ထားလိုက်သည်။

ရိုး ပစ္စည်းတွေအကုန်ထည့်လိုက်ပြီးအိတ်ထိပ်ကိုစုချည်လိုက်ကာ ဆိုင်ကယ်ဂွကြားထဲထည့်လိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now