Part 32(unicode)

19.2K 918 12
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️Part 32

"ဦးစက်"

"ဟင် ကလေးဘာလိုချင်လို့လဲ"

ယနေ့ကုမ္မဏီမှာ အရေးတကြီးဧည့်သည်တွေ့စရာရှိတာကြောင့် မလာမဖြစ်မို့ကုမ္မဏီကိုလာခဲ့ရသည်။
စက်ရဲ့ကလေးဆိုးလေးကလဲ မပါမဖြစ်ပေါ့။

ရောက်ကတည်းက ကုမ္မဏီတစ်ခုလုံးပတ်သွားပြီး
ဝန်ထမ်းတွေစီကမုန့်ပြန်တောင်းစားနေတာ အခုလေးတင်ပဲ စက်ရုံးခန်းကိုပြန်ရောက်လာတယ်လေ။
ကိုယ်ကမအားတော့ အတွင်းရေးမှုးကိုသူလေးနောက်မထည့်ပေးထားရတာ။
ကလေးလေးဘယ်လောက်ခြေရှည်လဲဆို စက်ရဲ့အတွင်းရေးမှုး မျက်နှာရှုံ့မဲ့နေသည်အထိပါပဲ။
အခုလဲ ဘာလိုချင်ပြန်တယ်မသိခေါ်နေပြီ။

"ဦးစက်လို့"

"အင်း ပြောလေကလေးရယ်"

"အဲ့ကွန်ပျူတာကြီးကိုခဏထားလိုက်
ဒီကလင်ကိုကြည့်"

ကောက်စိန်လေးအသံမာလာပြီမို့
အလုပ်တွေလဲပစ်ထားရတော့သည်။
ကလေးငယ်အနားစွေ့ခနဲသွားထိုင်တော့ တရှူ းရှူ းနှာမှုတ်နေသေးတာ။

"ပြော ကိုယ့်ယောကျာ်းလေး"

"စမ်းကြည့်"

စက်လက်ကိုယူကာ ဗိုက်ကလေးပေါ်တင်ပေးသည်။

"ကလေး"

"လှုပ်နေတယ်မို့လား ကလေးဗိုက်က"

တကယ်ပဲ ကလေးရဲ့ဗိုက်ထဲက ပိစိလေးလှုပ်နေခဲ့သည်။
စက်ရင်တွေတောင်ခုန်သွားရတဲ့အထိပဲ။
ရင်ထဲကကြည်နူးမှုကဘာနဲ့မှနှိုင်းမရအောင်ပင်။

"ကလေး အထဲကသမီးလေး
အပြင်ထွက်လာတော့မှာများလား"

"အာ ဦးစက်ကလဲ အခုမှ ရှစ်လကို
နောက်လထဲလောက်မှ မွေးမှာလေ"

6လကျော်ကတည်းက သမီးလေးဖြစ်မှန်းသိပြီးတာမို့ ကလေးက အရမ်းပျော်နေခဲ့သည်။
ပြောသေးတာ သူ့မမဆိုတာအသေအချာပဲတဲ့လေ။
စက်လဲ အသက်ဖြစ်ဖို့မျှော်လင့်ပါသည်။

"ကိုယ်ဖြင့် အသဲတွေယားလိုက်တာ ကလေးဗိုက်ပူလေးကို"

"ဒီတစ်ပတ်ဦးစက်နားရက်ကျ အမေ့ကိုခေါ်ပေးနော် ဟန်လေးမွေးရင် အမေ့ကိုရှိစေချင်တယ်"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now