Part 2(unicode)

38.5K 2.9K 58
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️2

ည10နာရီထိုးသည့်တိုင် စက် အလုပ်စားပွဲစီမှမထဖြစ်သေး။
ဘေးနားကအေးစက်စက်ကော်ဖီဟာလဲသုံးခွက်မြောက်ဖြစ်သည်။

အသက်ကတော့ ကလေးတွေနဲ့တစ်နေကုန်နေရသည်မို့ ပင်ပန်းကာစောစောအိပ်ယာဝင်သွားပြီဖြစ်သည်။

လုပ်လက်စစာရင်းတွေလက်စသတ်ပြီးနောက် 11နာရီထိုးလုနီးဖြစ်သည်။
အလုပ်ခန်းကိုပိတ်ကာ အိပ်ခန်းထဲဝင်လာခဲ့သည်။

"ကို အခုမှအလုပ်ပြီးတာလား"

"အင်း အသက် ကို့ကြောင့်နိုးသွားတာလား"

"မဟုတ်ပါဘူး ဒီတိုင်းနိုးလာတာ
တော်တော်တောင်နောက်ကျနေပြီကိုရယ်
ကျန်းမာရေးထိတော့မှာပဲ"

"ဘာမှမဖြစ်ပါဘူးအသက်ရယ်
ကိုအကောင်းကြီးရှိပါသေးတယ်
လာ ပြန်အိပ်"

အသက်ဘေးသို့ဝင်ကာ လှဲရင်းသူမကိုလဲရင်ခွင်ထဲဆွဲခေါ်လိုက်သည်။
တစ်ဖက်ခုတင်ပေါ်ကသားနှစ်ယောက်ကတော့ နှစ်ခြိုက်စွာအိပ်မောကျလျှက်။

"ကိုကအိပ်ရေးပျက်ရင်သိသာတယ်
မျက်နှာကတန်းချောင်သွားတာ"

"မနက်ကျပြန်ပြည့်နေမှာပါအသက်ရဲ့
စိတ်မပူနဲ့ဒီကမိန်းမနဲ့သားအတွက် ဒီယောကျာ်းကအများကြီးခန့်ညားနေအုံးမှာ"

"ဘာမှလဲမဆိုင်ဘူးနော် ပြောစမ်းပါအုံး
အဲ့လောက်ခန့်ညားချင်နေတာ အသစ်တွေ့နေတာလား"

"အသက်ရယ် မေးရက်လိုက်တာ
ကို့မှာအသက်ကိုတောင်ချစ်လို့မဝလွန်းလို့
နောက်တစ်ယောက်ဆိုတာ စိတ်ကူးတောင်မရှိဘူး ဒီမိန်းမလေးကိုတောင် သားတွေနဲ့လုနေရတာဗျ"

ရင်ခွင်ထဲသူမအားငုံ့ကြည့်ကာ နှာခေါင်းလေးကိုဆွဲညစ်ပစ်လိုက်သည်။

စက်မေးဖျားကိုမော့နမ်းကာသူမကရင်ခွင်ထဲပို၍တိုးဝင်လာသည်။
မီးအိမ်အလင်းရောင်အားလေးနဲ့ မပီမပြင်မြင်နေရသော အသက်မျက်နှာလှလှက စက်ကိုဘယ်ချိန်မဆိုရင်ခုန်ရစ်မူးစေသည်။

"ချစ်လိုက်ရတာအသက်ရယ်
ရူးမတက်ဘဲ"

"ကိုနော် ချုပ်ဆေးတွေနဲ့လာပြီးမချုပ်နဲ့
တော်ပြီ သားတို့နဲ့သွားအိပ်တော့မယ်"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now