Part 3(unicode)

36.9K 2.9K 81
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️3

အပြာရောင်ဆေးသားနုနုဖြင့်သုတ်ထားသော အိမ်ကြီးရှေ့တွင် ဟန်လေးတို့စီးလာသော taxiရပ်သောကြောင့် ဦးလေးနဲ့ဟန်လေးအထုပ်တွေယူကာ ဆင်းလိုက်သည်။

"ဦးလေး သားနေရမှာဒီအိမ်ကြီးလားဟင်"

"ဟုတ်တယ်ဟန်လေး
လာခြံထဲဝင်ကြရအောင်"

တောသားမြို့ရောက်ဆိုတဲ့စကားအတိုင်း
မြို့ဆိုလို့ မကွေးမြို့ပေါ်သာရောက်ဖူးသော ဟန်လေးအတွက်တော့ ရန်ကုန်မြို့ပတ်ဝန်းကျင်တိုင်းက အသစ်အဆန်းတွေပင်ဖြစ်သည်။

ခြံဝင်းအကျယ်ကြီးထဲဝင်ခဲ့တော့လည်း
ကျောက်လမ်းလှလှလေးခင်းထားကာ ဘေးမှာပန်းပင်တွေစိုက်ထားသည်မို့ ပန်းဥယျာဉ်လေးတစ်ခုလိုလှသည်။

"သားတို့ရေ အရမ်းမပြေးနဲ့လေ ချော်လဲရင်နာလိမ့်မယ်"

အသံချိုချိုလာရာကို ဟန်လေးရှာကြည့်တော့ ဆံပင်ကျောလည်လောက်အထိရှည်သော မမတစ်ယောက်ကိုတွေ့ရသည်။
စည်းနှောင်ထားသည့် ဆံပင်တွေနဲ့တောင်မှ ထိုမမက ကျက်သရေရှိလွန်းသည်။

ဒီအိမ်ကြီးရှင်ရဲ့အမျိုးသမီးထင်ပါရဲ့။
ဒါဆို ဆော့နေတဲ့သေးသေးနှစ်ယောက်က အိမ်ကြီးရှင်ရဲ့သားလေးတွေပေါ့။

ဟိ…တကယ်ချစ်စရာလေးတွေပဲ။
ဟန်လေးကလေးပေါက်စလေးနှစ်ယောက်ကိုကြည့်ကာ အသံထွက်သည်အထိရယ်မိသည်။

"အဲ့ဒါဒီအိမ်ကမမလေး မြတ်နိုးသက်တဲ့ဟန်လေး သူဋ္ဌေးရဲ့ဇနီး ကလေးတွေကသူတို့သားတွေ စက်အာကာဟန်နဲ့စက်ရာဇာဟန်တဲ့"

"စက်အာကာဟန် စက်ရာဇာဟန် ဟီး……သားနဲ့နောက်ဆုံးနာမည်တူတယ်နော်ဦးလေး"

"ဟုတ်ပါကွာ ငါ့တူပြောမှဦးလေးလဲသတိထားမိတယ်"

"သူဋ္ဌေးကြီးနာမည်ကရောဟင်ဦးလေး"

"သူဋ္ဌေးနာမည်က ဦးစက်ရှိန်သာတဲ့
ကုမ္မဏီပိုင်ရှင်တစ်ယောက် ဟန်လေးကကောင်းကောင်းမွန်မွန်နာခံရမယ်နော်"

"ဟုတ်"

"ကဲ အထုတ်တွေသွားထားချေ
ုပြီးမှ မမလေးကိုသွားနှုတ်ဆက်ရအောင်"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now