Part 12(unicode)

22.8K 1.6K 21
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️12

"မမ ဟီး……ပင်ပန်းသွားပြီလား"

"မပင်ပန်းပါဘူးရှင် ဟန်လေးတို့သာ အရမ်းဆော့တော့မောနေကြမှာ"

"ဟန်လေးလဲ မမောပါဘူး ပိစိတွေကတော့
မောလို့အိပ်သွားကြပြီ မမနားတော့လေ ဟန်လေးပဲ ပိစိတွေကိုအခန်းထဲသွားသိပ်လိုက်မယ်"

အပြင်ကပြန်ရောက်သည်နှင့်မမအတွက် အအေးတစ်ခွက်ဖျော်ပြီးယူလာတော့ ပိစိနှစ်ယောက်ကအိပ်ပျော်သွားတာမို့ တစ်ယောက်စီပွေ့ကာ အခန်းထဲပို့ရသည်။

ညဘက် ကလေးတွေနိုးလို့ ထမင်းကျွေးပြီးသွားမှ ဟန်လေးအိပ်တဲ့စီလာကာ အနားယူလိုက်သည်။
ဒါတောင် မမကိုစိတ်မချ။
ကလေးတွေနဲ့တစ်ခုခုဆိုရင်တောင် ဟန်လေးကိုခေါ်ဖို့အလှမ်းဝေးနေရသေးသည်။

"ဦးလေး ဟန်လေးအိမ်ကြီးဘက်သွားအိပ်မလို့
ရတယ်မို့လား"

"သွားလေ သား သူဋ္ဌေးလဲမရှိတော့ မင်းသွားအိပ်တာကောင်းပါတယ်"

"ဟုတ် ဒါဆိုသွားပြီနော်"

"အေးအေး"

စောင်နဲ့ခေါင်းအုံးယူကာ အိမ်ကြီးဘက်ပြန်လာခဲ့သည်။
အောက်ထပ်ဧည့်ခန်းရှိဆိုဖာပေါ်တွင်ချကာ အိပ်လိုက်သည်။

"ဟန်လေး ဒီမှာအိပ်နေတာလား"

"ဟုတ် ဒေါ်ကြီးတင် ရေထသောက်တာလား"

"အေး ပြတင်းပေါက်တွေ သေချာပိတ်မပိတ်လိုက်စစ်တာပါကွယ်"

"ဟုတ် မမနဲ့ကလေးတွေချည်းပဲမို့
ဒီဘက်လာအိပ်လိုက်တာ ဒေါ်ကြီးတင်ရဲ့"

"အေးအေး"

ဒေါ်ကြီးတင်က ပြတင်းပေါက်တွေသေချာပိတ်ပြီးနောက် အခန်းထဲပြန်ဝင်သွားသည်။

နားထဲမှ တရှပ်ရှပ်သံကြောင့် ဟန်လေးတစ်ဖက်လှည့်အိပ်တော့ အဝင်ပေါက်စီမှ အရိပ်တစ်ခုကြောင့် ထထိုင်လိုက်သည်။
လက်ကနာရီလေးကို ကြည့်တော့ 11နာရီခွဲတိတိ။

"ဦးလေးလား……"

"ဒေါ်ကြီးတင်လား"

ဘာသံမှမကြားရသော်လည်း မှန်တံခါးဘေးရှိ အသားတံခါးနောက်တွင် တစ်ခုခုရှိနေတာကိုတော့ဟန်လေးသိသည်။
တဖြေးဖြေးထသွားကာ တံခါးကိုဆွဲဖွင့်လိုက်တော့ ဘာမှရှိမနေ။
စောစောကသေချာမြင်လိုက်တာပဲကို။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now