Part 23(unicode)

21.3K 1.1K 24
                                    

အမုန်းဖွဲ့ချစ်ခြင်း❤️23

"ဟန်လေး သူဋ္ဌေးခေါ်နေတယ်"

"အော် ဟုတ် ဒေါ်ကြီးတင်"

နေ့လည်ကတည်းက အိမ်ဘေးမှာလာထိုင်နေမိတာ ဒေါ်ကြီးတင်လာခေါ်တော့ ညနေပင်အတော်စောင်းနေပြီဖြစ်သည်။
မြတ်နိုးထက်လဲ ချက်ချင်းပြန်သွားပုံရသည်။
ထိုင်တာကြာသွားသည့် ခြေထောက်တွေက ချက်ချင်းထရပ်တော့ ပြန်ခွေကျချင်ပြန်သည်။
အိမ်ထဲအမြန်ဝင်လာခဲ့ပြီး ဦးစက်စီသွားလိုက်သည်။

"ဦးစက်"

"ကလေး ဘယ်ရောက်နေတာလဲ ကိုယ်ခေါ်တာမထူးဘူး"

"အိမ်ပြင်ရောက်နေလို့ဦးစက်
ဘာခိုင်းမလို့လဲ ဟန်လေးဘာလုပ်ပေးရမလဲ"

"ဘာမှလုပ်စရာမရှိပါဘူး
ကလေးအတွေးတွေများနေမှာစိုးလို့ခေါ်တာ"

"ဟင် ဟန်လေးဘာမှအတွေးမများပါဘူး"

"မလိမ်နဲ့ကလေး
ကလေးဘာကိုစိတ်ပူနေလဲကိုယ်သိတယ်"

"ဦးစက် စိတ်ရှုပ်နေမယ်ထင်လို့ တမင်အခန်းထဲပြန်မလာတာပါ တခြားဘာမှမဖြစ်ဘူး
အခုရော ခေါင်းကြည်သွားပြီလား"

"နဂိုထဲက ဘာစိတ်ရှုပ်စရာမှမရှိဘူးလေ
ခေါင်းကြည်တာပေါ့"

"အဲ့ဒါဆို ဘာလို့ဟန်လေးကိုထွက်သွားခိုင်းလဲ"

"အဲ့ဒါက ကလေးစွာနေတာလေး ရယ်ချင်လို့
ပြောတက်လိုက်တာများ မိန်းမလေးကျလို့"

"ဟင် ရယ်ချင်တာတစ်ခုထဲနဲ့ ဟန်လေးကို
စိတ်ပူအောင်လုပ်ရလား ဒီကတော့ ဦးစက်စိတ်တိုသွားတယ်ထင်ပြီး စိုးရိမ်နေလိုက်ရတာ"

"ကိုယ့်ကလေးကိုစိတ်တိုစရာလဲ
ကလေးဘာလုပ်လုပ် ဘာပြောပြောအားလုံးမှန်တယ်"

"ဟန်လေးမေးလို့ရမလား ဦးစက်"

"ကလေးဘာသိချင်လဲပြော"

"မမရှိတုန်းကရော မြတ်နိုးထက်က ဘယ်နှခါလောက်လာဖူးလဲ"

"သားတို့မွေးတုန်းကတခါပဲလာတယ်
ဘာဖြစ်လို့လဲကလေး"

"မမဆုံးတုန်းကလဲမလာခဲ့ဘူးပေါ့"

"အင်း မလာဘူးဆိုတာထက်
ဘယ်သူမှသူမကိုအကြောင်းမကြားဖြစ်တာပေါ့
အသက်မိဘတွေတောင် မလာကြဘူးလေ"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now