အမုန်းဖွဲ့ချစ်ခြင်း❣️
အပြာရောင်ဆေးသားနုနုဖြင့်သုတ်ထားသော အိမ်ကြီးရှေ့တွင် ဟန်လေးတို့စီးလာသော taxiရပ်သောကြောင့် ဦးလေးနဲ့ဟန်လေးအထုပ်တွေယူကာ ဆင်းလိုက်သည်။
"ဦးလေး သားနေရမှာဒီအိမ်ကြီးလားဟင်"
"ဟုတ်တယ်ဟန်လေး
လာခြံထဲဝင်ကြရအောင်"တောသားမြို့ရောက်ဆိုတဲ့စကားအတိုင်း
မြို့ဆိုလို့ မကွေးမြို့ပေါ်သာရောက်ဖူးသော ဟန်လေးအတွက်တော့ ရန်ကုန်မြို့ပတ်ဝန်းကျင်တိုင်းက အသစ်အဆန်းတွေပင်ဖြစ်သည်။ခြံဝင်းအကျယ်ကြီးထဲဝင်ခဲ့တော့လည်း
ကျောက်လမ်းလှလှလေးခင်းထားကာ ဘေးမှာပန်းပင်တွေစိုက်ထားသည်မို့ ပန်းဥယျာဉ်လေးတစ်ခုလိုလှသည်။"သားတို့ရေ အရမ်းမပြေးနဲ့လေ ချော်လဲရင်နာလိမ့်မယ်"
အသံချိုချိုလာရာကို ဟန်လေးရှာကြည့်တော့ ဆံပင်ကျောလည်လောက်အထိရှည်သော မမတစ်ယောက်ကိုတွေ့ရသည်။
စည်းနှောင်ထားသည့် ဆံပင်တွေနဲ့တောင်မှ ထိုမမက ကျက်သရေရှိလွန်းသည်။ဒီအိမ်ကြီးရှင်ရဲ့အမျိုးသမီးထင်ပါရဲ့။
ဒါဆို ဆော့နေတဲ့သေးသေးနှစ်ယောက်က အိမ်ကြီးရှင်ရဲ့သားလေးတွေပေါ့။ဟိ…တကယ်ချစ်စရာလေးတွေပဲ။
ဟန်လေးကလေးပေါက်စလေးနှစ်ယောက်ကိုကြည့်ကာ အသံထွက်သည်အထိရယ်မိသည်။"အဲ့ဒါဒီအိမ်ကမမလေး မြတ်နိုးသက်တဲ့ဟန်လေး သူဋ္ဌေးရဲ့ဇနီး ကလေးတွေကသူတို့သားတွေ စက်အာကာဟန်နဲ့စက်ရာဇာဟန်တဲ့"
"စက်အာကာဟန် စက်ရာဇာဟန် ဟီး……သားနဲ့နောက်ဆုံးနာမည်တူတယ်နော်ဦးလေး"
"ဟုတ်ပါကွာ ငါ့တူပြောမှဦးလေးလဲသတိထားမိတယ်"
"သူဋ္ဌေးကြီးနာမည်ကရောဟင်ဦးလေး"
"သူဋ္ဌေးနာမည်က ဦးစက်ရှိန်သာတဲ့
ကုမ္မဏီပိုင်ရှင်တစ်ယောက် ဟန်လေးကကောင်းကောင်းမွန်မွန်နာခံရမယ်နော်""ဟုတ်"
"ကဲ အထုတ်တွေသွားထားချေ
ုပြီးမှ မမလေးကိုသွားနှုတ်ဆက်ရအောင်"
YOU ARE READING
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
RomanceOrginal plot-Nay Zar Linn(အငယ်)ကို အပြည့်အဝ #crdပေးပါတယ်ရှင့်✨ (29.6.2020)