Part 21(unicode)

24K 1.3K 25
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️21

ကလောကိုခရီးထွက်မည်ဆိုတာကြောင့်
သားနှစ်ယောက်ရော ဟန်လေးပါ တက်ကြွနေကြသည်။

ဟန်လေးကလိုအပ်တဲ့အသုံးအဆောင်တွေထည့်နေတော့ ဦးစက်က မပြီးပြတ်သည့်အလုပ်တွေလက်စသတ်နေသည်။

တစ်ပတ်လောက်ကြာမှာဆိုတော့ အလုပ်တွေသေချာပြင်ဆင်ထားခဲ့မှရမှာလေ။

"ဦးစက် အကျီ ၤလက်ရှည်တွေရော ထည့်လိုက်မယ်နော်"

"အင်း ကလေးအဆင်ပြေမယ်ထင်တာထည့်လိုက်"

"ဟုတ်"

ဟန်လေးတို့အဝတ်စားတွေထည့်ပြီးတော့
ကလေးနှစ်ယောက်အခန်းဝင်လာခဲ့သည်။

"ပိစိတို့"

"ပါး ဒါတွေထည့်ပေး အကုန်ယူမယ်"

"အများကြီးမယူနဲ့လေပိစိတို့ရဲ့
တစ်ပတ်ပဲနေမှာကို ဟိုမှာလျှောက်လည်ရင်လဲ
ဒယ်ဒီကလိုချင်တာတွေဝယ်ပေးအုံးမှာလေ"

"ဟုတ်"

သွားတိုက်တံအစ ခြေအိတ်လေးတွေအဆုံး
အကုန်ထည့်ပေးပြီး အထုပ်တွေအပြင်သယ်လာခဲ့သည်။
အခန်းထဲလှမ်းကြည့်တော့ ဦးစက်မပြီးသေးတာမို့ အထုပ်တွေကို ကားစီသာသယ်ခဲ့လိုက်သည်။

အိမ်အပေါ်ထပ်ကိုတစ်ခေါက်ပြန်တက်လာတော့ ဦးစက်ကအကျီ ၤလဲနေပြီဖြစ်သည်။

"ကလေး ကိုယ့်ကိုကြယ်သီးတပ်ပေးအုံး"

"ဦးစက်ကလဲ ကြယ်သီးလေးနှစ်လုံးကို"

"ကလေးတပ်ပေးစေချင်လို့လေကွာ"

စပို့ရှပ်ကြယ်သီးတပ်ဖို့ပင် ဟန်လေးမပါရင်မပြီး။
တစ်ခုခုဆို ကလေးရေ လာပါအုံးဆိုတာက အခုရက်ပိုင်းပိုဆိုးလာသည်။
ရေချိုးပြီးခေါင်းသုတ်တာကအစ ခါးပတ်တပ်ပေးခိုင်းသည်အထိ ဟန်လေးလက် ဟန်လေးခြေ။
သားတွေရော ဒယ်ဒီလုပ်တဲ့သူရော တစ်ပုံစံထဲ။
သားနှစ်ကလဲ တစ်နေ့တစ်ခြားငပျင်းလေးတွေဖြစ်လာကြသည်။

ကျောင်းဝတ်စုံတောင် ပါးလဲပေးတာမှ စတိုင်မိတယ်ပြောကြတာမျိုး။
ဆံပင်ဖြီးခိုင်းတာ ဘောင်းဘီလဲခိုင်းတာ ရေချိူ းရင်တောင် အပြင်ကနေ အကျီ ၤထုပ်ပေးပါဆိုသည်အထိ အပျင်းတစ်လာကြသည်။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now