Part 8(unicode)

26.6K 1.5K 52
                                    

အမုန်းဖွဲ့ချစ်ခြင်း❤️8

"ဟန်လေး ဒီမှာဘာလုပ်နေတာလဲ
မမတို့နားလာလေ"

"ရတယ်မမ ဧည့်သည်တွေအများကြီးနဲ့မနေတက်လို့ပါ"

"အဲ့ဆိုလဲ ငြိမ်ငြိမ်ထိုင်နေပေါ့ဟန်လေးရယ်
ဘာလို့ အအေးခွက်တွေလိုက်ပေးနေတာလဲ
တော်ကြာမမမောင်လေးကို အလုပ်သမားထင်ကုန်ကြမှဖြင့်"

"အာ…ရပါတယ်မမကလဲ"

ဟန်လေးအအေးခွက်တွေကူသယ်ပေးတဲ့အနားရောက်လာသည့်မမကို ဦးစက် လှမ်းခေါ်သည်။

"ဒါဆိုထိုင်နေနော် မမဟိုဘက်သွားလိုက်အုံးမယ်"

"ဟုတ်မမ ပိစိတွေမနေရင် ဟန်လေးကိုခေါ်လိုက်နော်"

"အင်းပါ အခုတော့ ကုမ္မဏီကကောင်မလေးတွေနဲ့ငြိမ်နေတယ်"

တကယ်လဲပိစိနှစ်ယောက် ဦးစက်ကုမ္မဏီဝန်ထမ်းမမတွေရဲ့လက်ပေါ်မှာပျော်နေကြသည်။
ဟန်လေးကိုတောင် သတိရဟန်မတူကြ။
ဦးစက်လဲအတူတူပင် သူ့လုပ်ငန်းရှင်တွေနဲ့ပဲစကားတွေဖောင်ဖွဲ့နေတာ။
မမတစ်ယောက်ပဲဟန်လေးကိုဂရုစိုက်တယ်။
ဦးစက်ကိုရော အမွှာပိစိနှစ်ယောက်ကိုပါ စိတ်ဆိုးတယ်။

မမလဲ ဦးစက်တို့အနားပြန်သွားသည်မို့
ဟန်လေးလဲ လွတ်နေတဲ့စားပွဲမှာသာထိုင်ပြီး
အအေးသောက်နေလိုက်သည်။

"ဟိတ် ကလေး"

"အမလေးဗျ လန့်လိုက်တာ"

"ဟား…ဟား……လန့်တာကလဲ ဘယ်လိုလေးတုန်း"

ဟန်လေးမသိသည့် လူတစ်ယောက်က ဟန်လေးကိုသိသလိုတွေပြောနေတော့ မျက်မှောင်ကုတ်လိုက်မိသည်။

"အကိုကဘယ်သူလဲ ဟန်လေးလဲမသိပါဘူး"

"ကလေးမသိလဲ အကိုကသိတယ်လေ
အကို့နာမည်က မြတ်မင်းကို စက်ရှိန်သာသူငယ်ချင်း ဟိုတလောက ကလေးနေမကောင်းလို့ ဆေးကုပေးလိုက်သေးတယ်"

"အယ်…ဟုတ်လား တောင်းပန်ပါတယ်ဗျ
ဟန်လေးကအဲ့တုန်းက ဆရာဝန်ကိုဘယ်သူမှန်းမသိလိုက်လို့"

"ရပါတယ် စက်ပေါ့အဲ့နေ့က အကိုပြန်လာတဲ့အထိမစောင့်ဘဲပြန်သွားတာလေ"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now