Part 25(unicode)

20.5K 1.1K 7
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️25

"ဦးစက် ဖုန်းကိုလက်ထဲပဲကိုင်ထားနော်
လုံးဝမချနဲ့"

"အင်းပါကလေးရယ်
တစ်မနက်လုံးဒါပဲမှာနေတာ မမောသေးဘူးလား"

"မမောပါဘူး ပြောလို့ရတာမဟုတ်ဘူး
မြတ်နိုးထက်က ဟန်လေးသူ့ကိုအလုပ်ထုတ်တာ လုံးဝကျေနပ်မှာမဟုတ်ဘူး သေချာပေါက်အိမ်ကိုလာမှာ"

"အင်းပါ သူလာတာနဲ့ကလေးကိုဖုန်းခေါ်ပါ့မယ်"

"သူဘာပြောပြောလုံးဝမယုံနဲ့နော်
သူ့ကိုအခန်းထဲလဲအဝင်မခံ အောက်ထပ်ဧည့်ခန်းမှာပဲဆင်းတွေ့နော်"

"အင်း အင်း"

"တော်ပါပြီဗျာ ဟန်လေးကုမ္မဏီမသွားတော့ဘူး"

"ကလေးရယ် သွားလိုက်ပါ အရေးကြီးတဲ့အစည်းဝေးရှိတယ်ဆို ဘာလဲကိုယ့်ကိုစီးပွားပျက်အောင်ကြံနေတာလား"

"မဟုတ်ပါဘူး ဦးစက်ကိုဘယ်လိုမှစိတ်မချနိုင်ဘူး အဲ့မိန်းမက တစ်ခုခုလုပ်ရင်ဘယ်လိုလုပ်မလဲ"

"ကလေးရယ် အိမ်မှာဒေါ်ကြီးတင်လဲရှိပါတယ်
စိတ်မပူပါနဲ့"

ဒေါ်ကြီးတင်ရောရှိလို့မို့ ပိုစိတ်မချတာကို ဦးစက်မှမသိတာ။
ဒေါ်ကြီးတင်က မြတ်နိုးထက်ရဲ့လူလေ။

"သွားတော့ကလေး
သားသားတို့ကိုကျောင်းပို့ရမှာနဲ့ နောက်ကျနေလိမ့်မယ်"

"ဟုတ် အစည်းအဝေးပြီးတာနဲ့ချက်ချင်းပြန်ခဲ့မယ်နော်"

"အင်းပါ"

ဦးစက်ကို စိတ်မချခြင်းများစွာနှင့် ဟန်လေးအလုပ်ကိုလာခဲ့ရသည်။
အရေးကြီးတဲ့အလုပ်ကိစ္စသာမရှိရင် ကုမ္မဏီကိုမလာဘူးရယ်။
ဟန်လေးအတွက် ဦးစက်ကသာအရေးအကြီးဆုံး။
ဦးစက်စိတ်ချမ်းသာစေချင်လို့သာ လာခဲ့ရတာ။
စိတ်ပူလွန်းလို့ ရင်ထဲမှာကမ္ဘာပျက်နေတဲ့အတိုင်းပဲ။

"ဒေါ်ကြီးတင်"

"ရှင်လာပါပြီ သူဋ္ဌေး"

"ကျနော့်ကို အပေါ်ပို့ပေးပါအုံး"

"ဟုတ်ကဲ့သူဋ္ဌေး ဒါပေမဲ့ဟန်လေးကမှာသွားတယ် သူပြန်မလာမချင်း အောက်မှာပဲနေခိုင်းပါတဲ့"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now