Part 5(unicode)

42.5K 2.8K 135
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️5

~တီ……တီ~

"ဟော ပိစိတို့ ဒယ်ဒီနဲ့မာမီပြန်လာပြီ
သွားကြိုရအောင်"

ပိစိလေးနှစ်ယောက်ကို တစ်ဖက်စီလက်ဆွဲကာ အိမ်ရှေ့စီထွက်ခဲ့သည်။

"သားသားလေးတွေရေ"

"မီ……မီ……"မမကအသံပေးသည်နှင့် ချက်ချင်းပင်အနားပြေးသွားကြသည်။
ကလေးတွေက မမစီသွားကြသည်မို့ ဟန်လေးတစ်ဖက်ရှိဦးစက်စီအပြေးသွားကာ အိတ်ကိုယူလိုက်သည်။

ထို့နောက်အိမ်ထဲကိုအမြန်ဝင်ကာ အဆင်သင့်ဖျော်ထားသော သံပရာရည်နှစ်ခွက်ကို ဗန်းလေးနှင့်ထည့်ကာယူခဲ့သည်။

"ဦးစက် သောက်ပါအုံး"

"အင်း……"ဟုသာအသိအမှတ်ပြုကာ ဗန်းထဲကသံပရာရည်တစ်ခွက်ကိုယူသွားသည်။
ဟန်လေးလဲကျန်သည့်တစ်ခွက်ကို မမစီပေးလိုက်သည်။

"ကောင်းလိုက်တာ ဒါဒေါ်လေးတင်တင်လက်ရာတော့မဟုတ်ဘူး"

"ဟီး…ဟန်လေးဖျော်ထားတာမမ
ဦးစက် သောက်လို့ကောင်းလားဟင်"

"မဆိုးပါဘူး ကိုယ်ကတော့ ဒေါ်လေးတင်တင်ဖျော်တာပိုကြိုက်တယ်"

ဟင်း……။ ဟန်လေးအမှတ်မရဘူးပဲ။

"ကိုကလဲ ကလေးကို……"

ဟန်လေးမျက်နှာငယ်သွားတာသိတဲ့မမက ဦးစက်ကို မျက်စောင်းလှမ်းထိုးသည်။

"အသက်ကလဲ ကိုယ်မကြိုက်လို့ မကြိုက်ဘူးပြောတာလေ"

"ဟန်လေးဖျော်ထားတာ ဒီလောက်ကောင်းနေတာကို"

"ဟို…မမနဲ့ဦးစက် စကားမများပါနဲ့
ဟန်လေးညံ့လို့ဦးစက်ကမကြိုက်တာပါ
ဟန်လေးကောင်းကောင်းဖျော်တက်အောင် ထပ်ပြီးကြိုးစားပါ့မယ်"

"ကြိုးစားတော့ကောင်းတာပေါ့"

ဦးစက်ကသောက်လက်စသံပရာရည်ကိုဆက်သောက်သည်။

"ဦးစက် မကောင်းဘဲနဲ့မသောက်ပါနဲ့တော့လား"

"ဒါကိုကုန်အောင်မသောက်ရင်
အသက်ကကိုယ့်ကိုစိတ်ဆိုးသွားမှာ
မင်းမသိရင် ဒီတိုင်းနေ"

"ဟုတ်ကဲ့"

နောက်ဆုံး ဧည့်ခန်းထဲမှာဟန်လေးကပဲလူပို။
ဟုတ်နေတာပဲ။
ဟန်လေးက ဒီအိမ်မှာအပိုလူလေ။
ဦးလေးအလုပ်လုပ်တဲ့ဒီအိမ်မှာကပ်နေရတဲ့လူတစ်ယောက်။
အခုထိဟန်လေးလုပ်ရက်တွေက ဦးစက်စီမှာ တစ်မှတ်မှမရသေးသလို အိမ်အတွက်လဲ အကျိုးပြုဟန်မတူ။
ဟန်လေးလို အပိုလူတစ်ယောက်ကို ဦးစက်မကြည်ဖြူ တာ ထူးဆန်းတာမှမဟုတ်ဘဲ။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now