Part 4(unicode)

35.8K 2.8K 59
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️4

ဟန်လေး မနက်အစောထကာ အိမ်ကြီးစီလာခဲ့သည်။
ဟန်လေးရောက်တော့ ကြီးကြီးတင်က ရေနွေးအိုးကိုမီးချိတ်နေသည်။

"ကြီးကြီး"

"ဟဲ့ ဟန်လေး အစောကြီးရှိသေးတယ်ဘာထလုပ်တာလဲ"

"ဟန်လေး မနက်စာကူလုပ်ပေးမလို့ကြီးတင်
အာ...အရင်ဆုံး ဘုရားပန်းလဲပေးမယ်နော်"

"အေးအေး မနေ့ဝယ်လာတဲ့နှင်းဆီပန်းတွေရှိသေးတယ် လက်ကိုဆူးမယ်နော် သေချာလုပ်"

"ဟုတ်ကဲ့ပါဗျ"

ဟန်လေးအပေါ်ထပ်ကိုတက်လာခဲ့သည်။
မနေ့ကမမပြထားလို့ ဘုရားခန်းကဘယ်မှာရှိလဲဆိုတာဟန်လေးသိသည်။

ဘုရားခန်းမှာ အမှိုက်အရင်ရှင်း ကြမ်းသုတ်ပြီးမှ ဘုရားအိုးတွေယူလာခဲ့သည်။

~ဂျလောက်~

"အမေ့......"

ဘုရားခန်းဘေးက အခန်းမှရုတ်တရက်အသံမြည်လာသည်မို့ ဟန်လေးလန့်သွားရသည်။

"ဦး...ဦးစက်"

ဦးစက်က ဟန်လေးလက်ထဲကဘုရားပန်းအိုးကိုကြည့်ပြီး

"ဘုရားပန်းလဲမလိုလား"

"ဟုတ်"

"အစောကြီးနိုးတာပဲမင်း"

"ဟုတ် ဟန်လေးသွားလို့ရပြီလားဟင်"

"သွားလေ လှေကားသေချာဆင်း လက်ထဲကမနိုင်မနင်းနဲ့ပြုတ်ကျမယ်"

"ဟုတ်"

ဦးစက်ကခုနကအခန်းထဲပြန်ဝင်သွားမှ
ဟန်လေးလဲအောက်ကိုဆက်ဆင်းခဲ့သည်။
ှုၤဦးစက်ကိုမြင်တာနဲ့ခြေဖျားလက်ဖျားတွေကတုန်နေချင်သည်။
လှေကားကို မနည်းဂရုစိုက်ကာဆင်းလာရသည်။

"ကြီးကြီး ဘုရားပန်းလဲပြီးပြီ
ဘာလုပ်ရမလဲ"

"မုန့်ဟင်းခါးချက်မလို့ဟန်လေးရေ
စားပွဲပေါ်မှာလိုအပ်တာတွေလုပ်ထားတယ်
ကြီးကြီးကိုရေဆေးပေး"

"ဟုတ်"

ကြီးကြီးခိုင်းတာတွေလုပ်ပေးပြီးနောက်
မုန့်ဟင်းခါးချက်တာကို ဘေးကနေကြည့်နေလိုက်သည်။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now