Part 20(Zawgyi)

23K 1.7K 45
                                    

အမုန်းဖွဲ့ချစ်ခြင်း❤️

"တောင်းပန်တယ် ညီမတို့မိသားစုကို"

"သူက...သူက...မမသက်ကိုသတ်တဲ့လူသတ်သမားလေ ကိုစက်မသိဘူးလား"

"သိတယ် ဒါပေမဲ့ အဲ့ဒါအမှန်မှမဟုတ်တာ
ဟန်လေးကကြားကနေချောက်တွန်းခံရတာ
သူအသက်ကိုမသတ်ဘူး"

"မဟုတ်ဘူး သူသတ်တာ
သူသတ်လို့ သူထောင်ကျတာလေ
သူမသတ်ဘူးပြောဖို့ ကိုစက်မှာသက်သေရှိလို့လား လူသတ်သမားတစ်ယောက်ကို
လက်ထပ်ရလောက်တဲ့အထိ ကိုစက်မရူးမို့လား"

"အကိုမရူးပါဘူး မြတ်နိုးထက်
အဲ့ဒါကြောင့်လဲ ဟန်လေးကိုလက်ထပ်တာ
အလကားသက်သက်ပေးဆပ်လိုက်ရတဲ့ကလေးမို့ အကိုချစ်သွားတာ......ရူးနေတဲ့သူတွေကသာ
ဘာအမှားမှမလုပ်တဲ့ အသက်ကိုသတ်ကြတာ
သနားစရာကောင်းတဲ့ အသက်ကိုမှ လုပ်ရက်ကြတာ"

"မကောင်းဘူး ကိုစက်မှားနေပြီ
ဘာလို့ ဒီအကောင်ကိုယုံနေရတာလဲ
သူကလူလိမ် သူကမမသက်ကိုသတ်ပြီး
ဖြူ စင်ဟန်ဆောင်နေတာ လူသတ်သမား
ပြောလိုက်လေဟန်လေး နင်သတ်တာအမှန်ပါလို့ ပြောလေ"

"မြတ်နိုးထက်......အကိုပြောနေတယ်လေ
သူမဟုတ်ဘူးလို့ ဘာလို့ ဒေါသတွေအဲ့လောက်ထွက်နေရတာလဲ သတ်တဲ့သူကို အကိုစုံစမ်းနေတယ် အဲ့ဒါကြောင့် ခဏသီးခံပေး
အဲ့ဒီလူကိုသိတာနဲ့ အားလုံးကိုပြောမှာ
ဟန်လေးမှာအပြစ်မရှိကြောင်းနဲ့ မြတ်နိုးသက်ဆိုတဲ့ မင်းအမကို သတ်တာ ဘယ်သူဆိုတာကို တိတိကျကျပြောမှာ"

"တရားခံက ထောင်ကျပြီး ပြန်တောင်ရောက်နေပြီလေ အကိုဘာကိုရှာနေအုံးမှာလဲ ဘယ်အထိ ဒီကောင်ကို ကာကွယ်နေမှာလဲ
ထက်ကလုံးဝလက်မခံဘူးနော် ထက်တူလေးတွေကိုလဲ သူစိမ်းနဲ့လုံးဝမထားနိုင်ဘူး"

"ဟန်လေးကို သားတွေကလက်ခံပြီးသား
မြတ်နိုးထက် မင်းလက်ခံခြင်း လက်မခံခြင်းကိုမေးနေတာမဟုတ်ဘူး သိထားဖို့ အကိုပြောပြတာ
အသက်ညီမမို့လို့ ပြောပြတာ မင်းမိသားစုကိုလဲ ပြောဖြစ်မှာပဲ"

စက်စကားသံဟာဒေါသအနည်းငယ်စွတ်နေသည်မို့ မြတ်နိုးထက် ငြိမ်သွားသည်။
စက်ဘေးနားက ပေါက်စလေးကတော့ မျက်နှာလေးအောက်ငုံ့လို့။
ဘာလို့ မင်းမမှားဘဲ ခေါင်းငုံနေရတာလဲကောင်လေး။
ပြောလေ......။မင်းဘက်မှာကိုယ်တစ်ယောက်လုံးရှိနေတာပဲ။
မင်းခေါင်းမော့နေစမ်းပါကောင်လေးရယ်။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now