Part 28(unicode)

22.2K 1K 18
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️28

"ဟော......ကိုအောင်ပါလား
ရွာကလာတာလား"

"ဟုတ်တယ် အမ"

"လာလာ အိမ်ထဲဝင်ကြပါ"

ဦးလေးအောင်နှင့်ဟန်လေးအမေဒေါ်ဋ္ဌေးမြင့်သည် အိမ်ထဲဝင်ခဲ့ကြသည်။

"ထိုင်ပါအုံး ဒီကအမရော
ကျမအအေးလေးယူခဲ့ပေးအုံးမယ်"

"ရပါတယ်နေပါ"

ဒေါ်ကြီးတင်သည် အအေးယူလာပေးသည်။

"သောက်ပါအုံး အဝေးကြီးကလာရတာ မောနေကြမှာ"

"ရပါတယ်ရှင် သားလေးကိုတွေ့ချင်လို့သာလာရတာ တခါမှရောက်ဖူးတာမဟုတ်ဘူး"

"အော် သားလေးဆိုတော့ အမသားကဟန်လေးလား"

"ဟုတ်တယ် ဟန်လေးကကျမသားပါ"

"ဒါဟန်လေးအမေပါ အမတင်
အဖေကတော့ဆုံးသွားပြီလေ အမတင်လဲသိပါတယ်"

"သိတယ် သိတယ် ဟန်လေးကတော့ အိမ်မှာမရှိဘူး နောက်ရက်မှပြန်လာမယ်ထင်တယ်
သူဋ္ဌေးမျက်လုံးခွဲမှာမို့လေ"

"မျက်ကြည်လွှာလှူတဲ့သူရှိပြီပေါ့ ဝမ်းသာစရာပဲဗျာ"

"ဟုတ်တယ် ကိုအောင်ရေ ဟန်လေးရောကလေးတွေရော ပျော်နေကြတာလေ ဟန်လေးဆိုလဲ သူ့ယောကျာ်းကို စိတ်မချလို့ အနားကကိုမခွာဘူး ကျမတစ်လှည့်စောင့်ပေးမယ်ဆိုတာကိုမရဘူး"

"ခွမ်း......"

"အမတင်......"

ဒေါ်ဋ္ဌေးမြင့်လက်ထဲကဖန်ခွက်လေးသည်ပြုတ်ကျကာကွဲသွားသည်။
ထိုအခါမှ ဒေါ်ကြီးတင်သည်လဲ အခြေအနေကိုသဘောပေါက်သွားရသည်။

"အကို ကျုပ်သားက...မဟုတ်ဘူးနော်"

"ဋ္ဌေးမြင့်စိတ်အေးထားပါဟာ
ငါသေချာပြောပြပါ့မယ်"

"မကြားချင်ဘူး ကျုပ်ဘာမှလဲမသိချင်ဘူး
ခေါ်ပေး အဲ့ကောင်လေးကိုခေါ်လိုက် ကျုပ်သူနဲ့ပဲပြောတယ်"

"အေးပါ ခေါ်ပေးပါ့မယ် နင့်စိတ်ကိုအရင်လျော့အုံး"

ဒေါ်ကြီးတင်သည်လဲ မျက်စိမျက်နှာပျက်လို့နေသည်။
ဟန်လေးအမေကသိပြီးသားထင်လို့ပြောလိုက်မိတာ။
သူဋ္ဌေးမျက်လုံးခွဲမှာမို့ လာတာပဲထင်ခဲ့တာလေ။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now