[ 23 ]

33.6K 2.6K 40
                                    

[ သူကြီးသမက် ]

" အရိပ်လေး ဒီမှာကိုယ့်မုန့်ဝယ်လာခဲ့တယ် "

ညနေ့စာစားပြီးနောက်ဈေးဆိုင်မှာဆေးလိပ်သွားဝယ်ဦးမယ်ပြော၍ ထွက်သွားတဲ့ရိုးကမှာလိုက်စရာမလိုအောင် အရိပ်အတွက်မုန့်ဝယ်ပေးခဲ့ဖို့ကိုလည်းမမေ့ပါ ရိုးဆေးလိပ်သောက်တာကိုအရိပ်မကြိုက်ပေမဲ့တားလို့ရတဲ့ထဲမှာလည်းရိုးမပါခဲ့ အရိပ်ပြောလိုက်ချိန်တိုင်းမှာလည်းနှစ်ယောက်သားစကားများရန်ဖြစ်ရတာပဲအဖတ်တင်သည်။

" အရိပ်လေး မုန့်ထစားဦးလေမအိပ်သေးဘူးမို့လား "

" မစားတော့ဘူး အိပ်တော့မယ် "

ညနေ့ကတည်းကရိုးအရက်သောက်လာလို့စိတ်ကောက်နေသူလေးကိုချော့ရန်အရိပ်ကြိုက်တဲ့နကထိုင်နဲ့တခြားမုန့်များစွာဝယ်လာခဲ့တာဖြစ်ပေမဲ့ စိတ်ကောက်နေသူလေးကအိပ်တော့မယ်ဆိုကာအိပ်ရာထဲကလုံးဝကိုထမလာတာကြောင့် လက်ထဲကမုန့်တွေကိုဘေးနားချလိုက်ပြီးအိပ်ရာထဲကအရိပ်ကိုအသာအယာကောက်ပွေ့ပစ်လိုက်ကာ ရိုးသူ့ပေါင်ပေါ်ထပ်လျက်အရိပ်ကိုထိုင်စေလိုက်၍ အနောက်ကနေခါးတွေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။

" ဘာလုပ်တာလဲ !"

" မုန့်စားမယ်လို့ ပြောနေတယ်လေ "

" မစားဘူး အိပ်တော့မယ် !"

ရိုးရဲ့လေသံမှပျော့ပြောင်းနူးညံ့မှုရှိနေသလောက် အရိပ်ရဲ့လေသံမှာတော့စိတ်ဆိုးနေသည်မို့ခပ်မာမာသာထွက်လာသည်။

" အရိပ်လေး ကိုယ့်ကသူများယောကျ်ားတွေလို့အလွန်အကျွံသောက်စားမူးရူးပြန်လာအိမ်ရောက်ရင်အိမ်ကမိန်းမကိုရစ်ရိုက်နှက်နေတဲ့ကောင်မဟုတ်ပါဘူးကွာ နည်းနည်းလောက်လေးသောက်တာကိုဘာလို့ကိုယ့်ကိုစိတ်ဆိုးနေရတာလဲလို့ "

အရိပ်တစ်ကိုယ်လုံးကိုကလေးငယ်တစ်ယောက်လိုရင်ခွင်ကျယ်ထဲဆွဲ‌ပွေ့ထား၍ ပေါင်ပေါ်တင်ထားတဲ့ချစ်ယောကျ်ားရိုးအပြောစကားကြောင့် အရိပ်ရိုးရင်ခွင်ထဲခေါင်တိုးဝှေ့ကာမှီလိုက်ပြီးနောက် ကြောင်ငယ်လေးတစ်ကောင်လို ရိုးရင်ဘက်လေးကိုအရိပ်မျက်နှာလေးပွတ်သပ်လိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now