ထယ်ထယ့်ဆီ ဘာကြီးရောက်လာတာလဲ?

4.6K 522 102
                                    

စိတ်ကူးပေါက်ရာ ရွက်လွှင့်တတ်တဲ့ပင်လယ်ပျော်ဓားပြတွေက ခြေဦးတည့်ရာပဲပေါ့ပျက်ပျက်လုပ်ကြတယ်။ ဒါပေမဲ့ ဆေးဆရာငယ်လေးမင်းအတွက်နဲ့တော့ မတူခဲ့ဘူးပေါ့။

Who is your Master Mr.Quarrelsome?

ပင်လယ်ရေငန်တွေနဲ့အသက်ဆက်ရတဲ့ဘဝတွေက ပင်လယ်ထဲမှာပဲပျော်တတ်ကြသည်။ လတ်ဆတ်တဲ့လေညှင်းတွေ ၊ သည်းထန်တဲ့မုန်တိုင်းတွေ ၊ လတ်ဆတ်လွန်းတဲ့ပင်လယ်စာတွေ ၊ သွေးသောက်ညီအစ်ကိုတွေနဲ့အခက်အခဲမှန်သမျှကျော်ဖြတ်ရတဲ့ ဒီမျက်စိတစ်ဆုံးမြင်နေရတဲ့အပြာရောင်ရေပြင်ကျယ်ကြီးက ကျွန်တော်‌တို့အတွက်တော့ တကယ့်ကိုစိတ်ချမ်းသာစရာအကောင်းဆုံးပါပဲ။

"ဒီနေရာရဲ့သိပ်မနီးမဝေးမှာ ကျွန်းတစ်ကျွန်းရှိသေးတယ်ဆို သွားရင်ဘယ်လောက်ကြာမလဲ"

အညိုရောင်စားပွဲရှည်ကြီးအထက် ကပ္ပတိန်တစ်ယောက်တည်းသာကိုင်ထားသည့်မြေပုံတစ်ခုပွင့်အံနေသည်။ အမှတ်အသားထားရာ စက္ကူလိပ်များ ၊ သံလိုက်အိမ်မြှောင်က အရှေ့အရပ်နဲ့အနောက်အရပ်ကြားလွန်ဆွဲနေ၏။

အခန်းထဲမှာ သူတို့ဆက်သွားရာလိုအပ်သည့်နယ်ပယ်အတွက်မြေပုံနဲ့ကြည့်နေတုန်း ဝုန်း ခနဲ‌တစ်ခုခုကွဲသွားသည့်အသံက အကျယ်ကြီးထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် အိခနဲဖြစ်သွားသည့်ကြမ်းပြင်နဲ့တစ်ဆက်တည်း အခန်းထဲတရောသောပါးပြေးဝင်လာတဲ့ သူ့အဖွဲ့ဝင်တွေထဲက တစ်ယောက်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်းထဲမှာ သူတို့ဆက်သွားရာလိုအပ်သည့်နယ်ပယ်အတွက်မြေပုံနဲ့ကြည့်နေတုန်း ဝုန်း ခနဲ‌တစ်ခုခုကွဲသွားသည့်အသံက အကျယ်ကြီးထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် အိခနဲဖြစ်သွားသည့်ကြမ်းပြင်နဲ့တစ်ဆက်တည်း အခန်းထဲတရောသောပါးပြေးဝင်လာတဲ့ သူ့အဖွဲ့ဝင်တွေထဲက တစ်ယောက်။

"ကပွတိန်! သဘော်ကုန်းပတ်ပိုင်းက ရေတွေစိမ့်လာပါတယ်!"

"ဘယ်လိုဖြစ်တာလဲ"

"ကျွန်တော်တို့ ပင်လယ်သတ္တဝါတစ်‌ကောင်ကောင်နဲ့ထိသွားတယ်ထင်ပါတယ် ကပ္ပတိန်"

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now