ငတိလေးကိုချစ်ပါသည်

2K 313 115
                                    

"အူလည်လည်လေးဖြစ်တဲ့ဆေးဆရာငတိလေးကို ကျွန်တော်သိပ်ချစ်ပါသည်"

အိမ်း ဒါကိုဆေးဆရာလေးသိအောင် ငါဘယ်လိုပြောရမလဲ။ မဖြစ်သေးပါဘူး ငရုတ်ကျည်ပွေ့စာမမိအောင် အခုတော့လျိုထားလိုက်ဦးမှဖြစ်မယ်။ တစ်ချိန်ချိန်အတူရှိမဲ့အချိန်ကျမှ ကိုယ့်အောက်မှာရှိနေမဲ့အလှတရားလေးရဲ့ လည်ပင်းသားနီတာရဲလေးကိုခပ်ဖွဖွစုပ်ယူပြီးပြောပြမယ် အဟိဟိ။

Who is your Master Mr.Quarrelsome?

"ဟေ့လူ ကျွန်တော်တောထဲမှာဆေးရွက်သွားခူးလိုက်ဦးမယ်ဗျ ခင်ဗျားတစ်ယောက်တည်းဖြစ်တယ်မလား"

"အင်း အင်း"

"မနက်စာစားဖို့ဆန်ပြုတ်ပြုတ်ထားပေးတယ် နောက်ဖေးကခုံပေါ်မှာရှိတယ် စားပြီးရင်ခွက်မဆေးနဲ့ဦး ကျွန်တော်ပြန်လာမှဆေးလိုက်မယ်"

"ဟုတ်ကဲ့"

"ဒါဆိုကျွန်တော်သွားပြီ ကောင်းကောင်းနေခဲ့နော် ဘာတစ်ခုမှမွှေထားတာမမြင်ချင်ဘူး"

ဆေးခြင်းတောင်းလေးခါးကြားညှပ်ပြီး ကော့တော့ကော့တော့နှင့်ထွက်သွားပြီဖြစ်တဲ့ဆေးဆရာပေါက်စကို အိမ်ထဲကနေဂျောင်ကု
လှမ်းကြည့်ရုံသာတတ်နိုင်သည်။ ပစ်မှားတာကလည်း 99.99%လောက်တော့ပါမှာပေါ့ဗျ။

ကြည့်လေဗျာ အဲ မကြည့်နဲ့ဗျ။ အဲ့တာကျွန်တော့်အပိုင်။ အဲ့တော့မကြည့်နဲ့ ကျွန်တော်ပြောတာနားထောင်။

ဒီလိုဗျာ အဲ့ပေါက်စမှာကခါးသွယ်သွယ်နဲ့တင်လုံးလုံးရှိတဲ့ကောက်ကြောင်းရှိတယ်ကွာ။ တွေးကြည့်ရုံနဲ့တင် သားရေတွေပါကျနိုင်တယ်။ တကယ်တကယ် လှချက်ကတော့ရှယ်လှတာဗျာ။ ဒါမဲ့လေ အဲ့လောက်လှသလောက်လက်သံကလည်းရှယ်ပြောင်တာသိရဲ့လား။ ကျွန်တော့်ကိုပဲကြည့် ရောက်တာလချီနေပြီ ခုထိပတ်တီးမပြတ်ဘူး။

"ဒီပေါက်စအနားငါဘယ်လိုကပ်ရမလဲ ဂျွန်ဂျောင်ကုရေ ထုတ်စမ်း ထုတ်စမ်း အကြံတွေ"

ဂျောင်ကုအကြံတွေထုတ်နေလည်း ခေါင်းကြီးကုတ် ၊ ဆောင့်ကြောင့်ကြီးထိုင်နေတာကြောင့် ခေါင်းနဲ့ခြေထောက်နာလာရုံကလွဲပြီး အကြံကဘာတစ်ခုဆိုတစ်ခုမှထွက်မလာ။ အရင်ကဆိုရင်တော့ သူ့တစ်ဝက်လောက်ပဲရှိတဲ့ဆေးဆရာအလှလေးကို ဟောခနဲဟောခနဲအသာလေးရင်ခွင်ထဲဆွဲပွေ့နိုင်ပေမဲ့ အခုကျတော့လူသာသေးပြီး ဇမသေးတဲ့အဲ့ကောင်လေးကို သူ့မှာအနားတောင်မကပ်ရဲတော့ဘူးဗျ!

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now