အားးးး ငါ့ပထမဆုံးအနမ်းလေး

3K 370 162
                                    

အိပ်ပျော်နေတုန်း မုန်လာဥမှိုအပေါ်ဘက်ကယွစိယွစိဖြစ်လို့နိုးလာပါတယ်။ ဘယ်ဟုတ်မလဲ။ စွာစိစိန်ပေါက်စက သူများအိပ်ပျော်နေလို့မနှိုးချင်တာနဲ့ တိတ်တိတ်လေးပတ်တီးလာလှန်တာတဲ့။

Who is your Master Mr.Quarrelsome?

နေ့တစ်နေ့၏ ညနေခင်းအချိန်ဖြစ်နေခဲ့ပြီ။ ကျွန်တော်ဟိုလူကြီးကိုတစ်ယောက်တည်းထားပြီး ပင်လယ်ထဲခဏဆင်းရင်း ဟင်းစားအချို့ရှာဖို့ထွက်လာခဲ့၏။

"ဟာ ရေဘဝဲပဲ အိုးးးး ပုစွန်တွေရော"

မနက်က ထယ်ယောင်းအစောကြီးထပြီး ကမ်းစပ်ထောင့်တစ်နေရာမှာ ပိုက်ကွန်သေးလေးသွားချထားခဲ့တာ။ အခုကျ ရေဘဝဲအလတ်စားလေးတစ်ကောင်နဲ့အတူ ဂဏန်းအချို့နှင့် ပုစွန်တစ်ချို့မိနေ၏။ ဂုံးတွေလည်းပါသေးသားဗျ။ ဒီလိုနဲ့ပဲမိတာတွေကိုရေပုံးလေးနဲ့ထည့်ပြီး အိမ်ပေါ်ခပ်မြန်မြန်ပြန်တက်လာခဲ့လိုက်သည်။

ဟုတ်တယ်ဗျ။ ဟိုလူကြီးကတစ်ယောက်တည်းထားရတာမဟုတ်ဘူး။ ခင်ဗျားတို့မသိလို့ အဲ့လူကြီးက ကလေးထက်တောင်ဆိုးသေးတယ်။

"ဟေ့လူကြီး နိုးနေပြီလား နိုးရင် ဆေးသောက်ရအောင်ဗျ ကျွန်တော်ဟင်းစားတွေမိလာတယ် ဟီးဟီး"

ရေပုံးလေးမြောက်ပြီး ပျော်လို့ရယ်နေရုံရှိသေး။ သူ့ကိုဆေးသောက်မယ်ပြောလိုက်လို့ မဲ့သွားတဲ့မျက်နှာက မည်းသည်းပြီးရှုံ့မဲ့ကုန်သည်။ ထယ်ယောင်းတကယ်ကိုင်ဆောင့်ချင်သွား၏။ ဒီလူကြီး! ကျွန်တော်ခင်ဗျားနဲ့ဆေးတိုက်တိုင်းသတ်နေရမှာလားဗျ!

"ဘာလဲဗျ အဲ့မျက်နှာကြီးကအီးမှန်ထားသလိုနဲ့ ခင်ဗျားဆေးမသောက်ရင် ခင်ဗျားဝတ်ထားတဲ့‌ဘောင်းဘီထဲ ကျုပ်ဒီဂဏန်းထည့်ပေးလိုက်မှာနော်"

ရေပုံးထဲက ဂဏန်းကိုကိုင်ပြီးမြှောက်ပြတော့ ခေါင်းအတွင်တွင်ခါသည်။ ဆူမှအချိုးပြေတဲ့လူကြီး ဒီလိုသာဆိုမဖြစ်ဘူး။ ဆေးတိုက်ရတိုင်းအခုလိုသတ်နေရမယ်ဆိုမဖြစ်ဘူး! ဒီကိစ္စဒီမှာတင်ဖြတ်မယ်ဟေ့!

"ဟေ့လူကြီး ဒီမှာ"

စိတ်ပေါက်ပေါက်နဲ့ ဆောင့်အောင့်ရင်း နှုတ်ခမ်းကိုတစ်ထောင်လောက်ဆူထွက်ကာ ဝတ်ထားသောအနက်ရောင်ချည်ဘောင်းဘီပွအရှည်ကိုမလျက် အနားသွားရင်း သု့အရှေ့‌တည့်တည့်၌ တမ္မလင်ခွေထိုင်ချပစ်လိုက်သည်။ ထယ်ယောင်း သူ့အနားလည်းထိုင်ပစ်လိုက်ရော အဲ့လူကြီးက ကျုံ့ကျုံ့လေးအနောက်ကပ်သွားတယ်ဗျ။ စိတ်ပေါက်ပေါက်နဲ့ မျက်စောင်းတွေချည်းထိုးပစ်လိုက်သည်။ ခင်ဗျားကြီးနဲ့ကျုပ်တွေ့မယ်။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now