အဲ့မှုန်လာဥမှိုက အကြီးကြီးဗျ

3.1K 436 146
                                    

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မျက်နှာလေးကြောင့် ကျွန်တော်ရောက်နေတာ ကောင်းကင်ဘုံများလားလို့တောင်ထင်သွားမိတယ် မကြာပါဘူး။ ကောင်းကင်ဘုံမဟုတ်ပဲ ငရဲပြည်ရောက်နေတယ်ဆိုတာသိလိုက်ရတယ်။

ဒါပေမဲ့ ငရဲပြည်ဆိုတာသေချာနိုင်တယ်မလား။ ထူးတော့ထူးဆန်းသားဗျ။ ငရဲအိုးတွေ ၊ ဆီပူတွေမဟုတ်ပဲ ငရုတ်ဆုံကြီး‌ကိုင်ထားတဲ့ ခပ်ချောချောလက်တောက်လောက်လေးက ခါးတူးလိမ်နေတဲ့ဆေးရွက်ကြီးတွေ ကျွန်တော့်ပါးစပ်ထဲ အတင်းလာထိုးထည့်သွားတာဗျ။

Who is your Master Mr.Quarrelsome?

နေ့လည်ခင်းဖြစ်သော်လည်း ကျွန်းပေါ်တိုက်ခတ်လာတဲ့လေပြေတွေက အေးစက်သယောင်။ ပင်လယ်ကြီးကိုဖြတ်ပြီး တောအုပ်ထဲက စိုစွတ်စွတ်ငွေ့ရည်တွေက နေရထိုင်ရတာကိုအေးချမ်းစေသည်။

"ဆရာယောင်း ဘယ်ကိုလာတာလဲ မလာစဖူးအဆန်းပါလားရှင့်"

"ကျွန်တော်တို့ရဲ့ဆရာယောင်းကို မမြင်ရတာတောင်ကြာပြီဗျ"

"ဟုတ်ပဗျာ ကျွန်တော်လည်းဈေးထဲသိပ်မရောက်ဖြစ်နေတာ ဒါနဲ့ အီဝူးလေးရောသက်သာသွားပြီလား အန်တီကြီး"

"သမီးလေးက ဆရာယောင်းကျေးဇူးကြောင့်နဲ့ အဖျားသက်သာသွားပြီပါပြီရှင် ကျေးဇူးတင်ပါတယ် ဆရာ"

"ဒီလိုကြားရတာဝမ်းသာပါတယ်ဗျာ"

"ဒါနဲ့ ဆရာယောင်း ဘာလာဝယ်တာလဲဗျ"

ဆေးရွက်ခူးပြီးထည့်နေကျ ကြိမ်ခြင်းတောင်းကြီးကိုင်ပြီး ဆေးဆရာယောင်းတစ်ယောက် ရွာဈေးထဲရောက်လာတာမို့ ဈေးထဲကလူများ အထူးအဆန်းဖြစ်နေပုံရသည်။ အော် လူတွေများ ကျွန်တော်ဈေးလာဝယ်နိုင်း မျောက်ပွဲပြနေတာကျလို့။ လူပဲ ဈေးလာဝယ်တာဆန်းသလားဗျ။

ကင်မ်ထယ်ယောင်း ဆိုသောကောင်လေးက သူတို့ရွာကျဉ်းလေးရဲ့ သမားတော်..ဆေးဆရာငယ်လေးတစ်ယောက်။ အနေအေးပြီးသီးသန့်လေးနေတတ်တဲ့ကလေးလည်းဖြစ်ပြီး ကမ်းစပ်နားလေးမှာ အိမ်လေးဆောက်ပြီး တစ်ယောက်တည်းနေသည်။

မျက်လုံးတောက်တောက် ၊ နှာတံခပ်မြင့်မြင့်နှင့် ကကြီးပုံသဏ္ဍာန် ခပ်ရဲရဲနှုတ်ခမ်းတစ်စုံရှိသည်။ အသားဝင်းဝင်းမွတ်မွတ်‌နဲ့ ရယ်လိုက်ရင် နှုတ်ခမ်းလေးကအသည်းပုံလေးဖြစ်ဖြစ်သွားတတ်တာလေးကျတော့ ‌ဆေးဆရာငယ်လေးရဲ့ထူးခြားချက်ပေါ့ဗျာ။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang