ငါ ကလေးနဲ့ရန်ဖက်ဖြစ်လို့မရဘူး

1.4K 212 50
                                    

ဘဝမှာ ယောင်းပေါက်စကို ဆယ်နှစ်ကလေးနဲ့ဖက်ပြီးသဝန်တိုရမယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိဖူးဘူး။

ဘုရား ဘုရား။ ငါ့ယောင်းကိုကျကိုကိုတဲ့။ ယောင်းထက်ငယ်တဲ့ငါ့ကိုကျ ငါကျဦးလေးကြီးတဲ့။ ဟမ် ဒါတရားသလားပြော!

ကိုကိုကငါပဲခေါ်မှာကွ! ငါပဲခေါ်မှာမို့ ကျည်ပွေ့ပျံတွေ ၊ ဓားပျံတွေစာပါအမိခံပြီး ငါအပိုင်ယူထားတာကွ အဟွန်း!

// Who is your Master Mr.Quarrelsome? //

ခပ်ရိပ်ရိပ်မိုးတွေအုံ့နေသောယနေ့။ မနက်မိုးခင်းကတည်းက ကောင်းကင်မှာတိမ်တွေထူနေသည်။

ဂျောင်ကုနိုးလာတော့ သူ့ရင်ခွင်ထဲယောင်းပေါက်စမရှိ။ ညကလည်းအတူနေဖြစ်ထားလို့အားနည်းနေမှာကို အခုအစောကြီးဘယ်သွားနေပြန်ပြီလဲမသိဘူး။

"ယောင်းရေ"

ပြန်ထူးသံမကြားတာကြောင့် ဒီ‌ဆရာယောင်းတစ်ယောက်ဘယ်ချောင်ရောက်နေပြန်ပြီလဲ ဂျောင်ကုအရှာတော်ဖွင့်ရပြန်တယ်။ အရင်ကအပေါ်ပိုင်းချွတ်အိပ်တတ်တဲ့အကျင့်လည်း အခုယောင်းနဲ့ညားပြီးတော့မှ...

"ဆောင်းတွင်းရောက်လာပြီဆိုတော့ ညဘက်တွေကအေးတယ် ‌ခင်ဗျားဖျားရင်ကျွန်တော်ပင်ပန်းရမှာ အင်္ကျီဝတ်အိပ်"

ဆိုတဲ့စကားတစ်ခွန်းလေးအရ သူ့မှာအခုဆိုညအိပ်ရင်အင်္ကျီ ၊ ဘောင်းဘီအပြည့်ဖြင့်။ ညပိုင်းအေးတာကြောင့်‌တဲ့လေ။

"ကိုကိုရေ ဘယ်သွားနေလဲ ဟောဒီကမောင်လာရှာပြီနော်"

အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာရှိတဲ့ခမောက်ကြီးခေါင်းပြီး ဂျောင်ကုအိမ်အောက်ဆင်းလာခဲ့တယ်။ ပါးစပ်ကလည်းတမင်ကိုအော်ပြီးစခေါ်နေသေးတာ။ ကိုယ်တိုင်ကဆတ်ဆတ်ထိမခံစွာစိစိန်လေးကိုပိုင်ဆိုင်ထားတာမို့ အဲ့ပေါက်စလေးကိုစချင်တိုင်း ကိုကို ဆိုတဲ့နာမ်စားကိုကျွန်တော်အမြဲသုံးဖြစ်တယ်လေ။

တကယ်ဆို ယောင်းနဲ့ညားပြီးတာ အခုဆိုတစ်လနီးပါးတောင်မကရှိရောပေါ့။ ဒီအတောအတွင်းတော့ဗျာ ကျွန်တော်ကစလိုက် ၊ သူကဗိုက်ကြောတွေလာလိမ်ဆွဲလိုက် အဲ့အချိန်ကျရင် ကျွန်တော်ကအဲ့ဆူပုတ်ပုတ်လေးရဲ့ပါးဖောင်းဖောင်းလေးကိုလှစ်ခနဲနမ်းပြီးပြေး အဲ့ခါကျရင်ကတ်ကတ်လန်လေးကပါးတွေရဲပြီးလိုက်ထုလိုက်နဲ့ ရန်ဖြစ်ပြန်ချစ်ဖြစ်နေတာပေါ့ဗျာ။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now