ခင်‌ဗျားဖြစ်နေတာကြောင့်ရှိစေတော့

1.6K 230 60
                                    

မကြုံစဖူးတွေလည်းကြုံရတယ်။
မစားစဖူးတွေလည်းစားရတယ်။
ဂွေးချိကိုလည်းပတ်တီးစီးတာခံဖူးတယ်။
နောက်ဆုံးတော့ ပြွတ်ပြွတ်နဲ့အွန့်အွန့်လုပ်တာကလွဲရင် ကျွန်တော်အကုန်လုပ်ဖူးပြီးသွားပါတယ်။

ဒါနဲ့နေဦးဗျ။ ကျုပ်ကိုစကားမဆက်ပြောပြခဲ့ကြဦး။ ကျုပ်ဘဝက ပြွတ်ပြွတ်နဲ့အွန့်အွန့်ကလွဲ အကုန်လုပ်ဖူးတော့ လုပ်ဖူးတဲ့သူတွေဆီကဘယ်လိုနေလဲလို့လေ။ ဒါပေမဲ့ မေးသာမေးရတာပါဗျာ။ ခင်ဗျားတို့ကကျုပ်ထက်တောင်ဆိုးနေဦးမှာဗျ။ ကျုပ်ကတောင်အနာဂတ်မှာလုပ်လို့ရနိုင်သေးတယ်။ လှလှပပ ကျုပ်ကောင်လေးရှိတယ်လေ။ ဟို...အဟီး ကျွန်တော်တောင်ကပ်မရအောင် စွာစိနေပေမဲ့လည်းပေါ့။

ကဲဗျာ ထား စကားပြန်ဆက်မယ်။ အဲ့လိုအဲ့လိုဗျာ ကျွန်တော်ကအဲ့လို ပြွတ်ပြွတ်တို့ အွန့်အွန့်တို့လုပ်ဖို့အခွင့်အလမ်းရှိပေမဲ့ မွေးကတည်းကဖြစ်ခဲ့တဲ့ခင်ဗျားတို့လိုအပျိုကြီး လူပျိုကြီးတွေကတော့ အဲ့လိုလုပ်ချင်ရင်တောင်လုပ်ရမဲ့လူမရှိဘူးမဟုတ်လားဗျာ။ ကျွန်တော်သိပါတယ်။ တိတ်တိတ် မငိုနဲ့တော့။

အားတင်းထားပါဗျာ။ ကျွန်တော့်လိုကောင်လေးမျိုးကိုလည်းမရနိုင်သလို ကျွန်တော့်ချစ်ချစ်စွာစိစိန်လေးကိုလည်း ခင်ဗျားတို့မရနိုင်ပါဘူး။ ဖိုက်တိုးနော်။

// Who is your Master Mr.Quarrelsome? //

"ဟေ့လူရေ ထတော့ဗျ ညနေခင်းကြီးအိပ်နေတယ် တကယ်ပဲဖျားအောင်လို့ ငရုတ်သီးစားပြီးသွေးတိုးသွားတာလား ကြားမှမကြားဖူးပေါင်"

ထယ်ယောင်းညနေပိုင်းရေမိုးမချိုးခင် အိမ်ရှင်းလိုက်သေးသည်။ ဂျင်ဆင်းရေနွေးကြမ်းလည်းတည်ထားပြီး ညနေစာစားဖို့လည်းအကုန်အဆင်သင့်။ ကိုယ်လက်သန့်စင်ရေချိုးပြီး အိမ်ပေါ်တက်လာတော့ ဟိုလူကြီးကအိမ်ရှေ့ကွပ်ပျစ်ပေါ်မှာဆန့်ဆန့်တုံးလုံးကြီး။

"ဂျွန်ဂျောင်ကု! ရေဘဝဲနှာဘူးကြီးရေ! ထတော့ဗျ!! အမလေး ကျုပ်တက်နင်းရင်တောင်သိမဲ့ပုံမပေါ်ဘူး"

ထယ်ယောင်းစိတ်တွေလည်းကုန်ပါတယ်။ အေးအေးဆေးဆေးနှိုးနေတာမထလို့ ဆောင့်ကြောင့်ကြီးထိုင်ပြီး နားနားကပ်အော်ထည့်လိုက်မှ ပျာတီးပျာယာနဲ့နိုးလာသော ကျွန်တော့်ချစ်လင်တောင်မောင်ရယ်ပါ။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now