ပိုင်ဆိုင်ထားခြင်းဆိုတာကျေနပ်စရာကောင်းလှတယ်။ အထူးသဖြင့် ကိုယ့်တစ်ဘဝလုံးစာလက်မလွှတ်ချင်သူရဲ့ကိုယ်လုံးလေးကိုပွေ့ဖက်ထားရတဲ့အချိန်မှာပေါ့။
ပြောသာပြောပြရတာပါဗျာ။ ခင်ဗျားတို့မှာကဖက်စရာလူရောရှိလို့လားဗျ။
// Who is your Master Mr.Quarrelsome? //
"ထယ်ယောင်း"
"ခ...ခဏ...အင့်...ဂျောင်ကု...ခဏ...မလုပ်နဲ့"
ရင်ခုန်သံတွေကမောက်ကမဖြစ်အောင်အဲ့လူကြီးလုပ်တတ်တယ်။ ထယ်ယောင်းမွန်းကြပ်လာသည်။ နှုတ်ခမ်းနှစ်လွှာကြားထဲ တိုးဝင်ခံထားရသည့်သူ့လျှာဖျားကို အလျင်မှီအောင်လက်သင့်ခံထားရသလိုမျိုး ထိုလူကြီးက ကျွန်တော့်ခါးကိုပွေ့ထားရင်း ကျွန်တော့်ကိုယ်တစ်ခုလုံးကိုသူ့ရင်ခွင်ထဲကထွက်မရအောင်ဖက်ထားတာ လူကကွေးကွေးလေးဖြစ်နေပြီ။
ဒီလူကြီးကတော့! လူကိုပုစွန်ထုပ်ချုပ်သလိုချုပ်ထားရလားဗျ!
"ဂျွန်...ခ..ခဏ.."
"ဘာလို့လဲ ဆရာယောင်း"
"ကျွန်တော်မောနေပြီ"
ဟောဟဲစိုက်နေသောချစ်သူလေးကိုငုံ့ကာကြည့်မိတော့ အသနားခံမျက်ဝန်းလေးဖြင့်ဆုံသည်။ ဂျောင်ကုသဘောတကျရယ်လိုက်ရင်း အသည်းတယားယားဖြင့်နှာခေါင်းထိပ်လေးကိုက်ဆွဲလိုက်တော့ ဟိုပေါက်စကမကြိုက်ဘူးဆိုတဲ့သဘောဖြင့်မျက်စောင်းလေးလှမ်းထိုးပြန်သတဲ့။
ရင်တွေတလှပ်လှပ်ဖြစ်ရချည်ရဲ့ အကောင်ပေါက်စရယ်။ မင်းတစ်ခုခုလုပ်တိုင်း ငါ့မှာငြိမ်ငြိမ်လေးရူးရချည်၏။
"အမောပြေသွားပြီလား"
နှာထိပ်လေးကိုနမ်းလိုက် ၊ နားရွက်ကိုကိုက်ရိုက် ၊ ပါးလေးနမ်းလိုက်နဲ့ တတိတိစွနေသည့်ဒီရေဘဝဲကြီးကို ထယ်ယောင်းတကယ်ကိုချစ်မဝပါ။ လူလည်ကြီးကကျွန်တော်မောနေလို့ဆိုပြီးလွှတ်ပေးပေမဲ့ လူကိုမရိုးမရွဖြစ်မောင်လုပ်နေသေးတာ။
ဂျွန်ဂျောင်ကုနော်။ ခင်ဗျားကတကယ့်အတတ်ကြီး။
"ကိုယ်အပိုင်သိမ်းမယ်နော် ဆရာယောင်း"
YOU ARE READING
Who is your Master... Mr.Quarrelsome? 𐤀 [Completed]
FanfictionUnicode & Zawgyi "မစ္စတာစွာစိစိန် မင်းရဲ့နှင်းဆီပန်းပွင့်လေးသိပ်လှနေတဲ့အကြောင်းက မင်းခေါ်တဲ့ကိုယ်ရဲ့ပြည်ကြီးငါးကြီးကို တောင့်တနေတာမလား" "လဲသေလိုက်လေ ခင်ဗျားရဲ့ပြည်ကြီးငါးကြီးကို ကျွန်တော်ဆေးထောင်းတဲ့ဆုံထဲသာ ထိုးထည့်လိုက် ကြေမွသွားအောင်ကိုထောင်းပစ်မ...