ဟောသလိုခေါ်လိုက်မယ် ကိုကို ကိုကို

1.8K 210 66
                                    

ကိုယ်နမ်းရှိုက်တိုင်းထသွားတတ်တဲ့ကြက်သီးညှင်းလေးတွေနဲ့ တုန်တုန်သွားတတ်တဲ့မင်း‌ကတအားချစ်စရာကောင်းလွန်းတယ်။ အလှဆုံးအချိန်ကတော့ စောင်ထုပ်လေးနဲ့ပတ်ထားပြီးကိုယ့်ရင်ခွင်ထဲရှိနေချိန်ပေါ့ဗျာ။

// Who is your Master Mr.Quarrelsome? //

*ပြွတ်စ်*

"ကိုယ့်ဆရာယောင်းလေး ပင်ပန်းသွားရပြီ"

"ကျွန်တော်မလှုပ်နိုင်တော့ဘူး"

အားလုံးပြီးဆုံးသွားသည့်အချိန်က မနက်အာရုံတက်လုတော့မယ်။ ညဦးကတည်းက တစ်ခါလည်းမပြီး ၊ နှစ်ခါလည်းမပြီး ၊ သုံးလေးခါတောင်မကသွားတာ အခုလည်းကျ လူကမျော့မျော့ပဲရှိတော့တယ်။ ကျွန်တော်တကယ်မလှုပ်နိုင်တော့တာဗျ။

အား ကျစ်! တစ်ကိုယ်လုံးလည်း ဟိုအရည်ဒီအရည်တွေနဲ့ပေသလူးနေတာပဲ။ အဲ့တာဒင်းကြောင့်!

"ဟေ့လူကြီး"

"ဟေ့လူကြီးလို့ခေါ်တုန်းပဲလား ကိုကိုလို့ခေါ်လေ ကိုယ့်ကလေးပေါက်စရဲ့"

"အိပ်မက်မက်မနေနဲ့ ဘာကိုကိုလဲ ခင်ဗျားကကျွန်တော့်ထက်လူကောင်ပဲကြီးတာနော် အဟွန့်"

"ဒါဆိုကိုယ်ပဲခေါ်တော့မယ် ကိုကို ကိုကို"

"အား နားတွေယားလိုက်တာ ဖယ်ဗျာ ကျွန်တော့်ကိုရေချိုးပေး"

"အေးတယ်လေ ကိုကိုရဲ့"

"ချိုးပေးမလား မချိုးပေးဘူးလား"

ရင်ခွင်ထဲကအံကြီးကြိတ်ပြီးပြုံးကာပြောလာတဲ့အသံတိုးတိုးလေးကြောင့် ဂျောင်ကုမှာဟီးခနဲရယ်ပြပြီး စောင်နဲ့ထုပ်ပြီးပွေ့ချီကာနောက်ဖေးသွားရတော့သည်။ အသန့်ကြိုက်သောဆေးဆရာလေးရဲ့ကျည်ပွေ့ကြီးကိုကြောက်လို့သာ ဆွဲပွေ့ပြီးအကုန်လုံးလုပ်ပေးသွားသောလိမ္မာနေသည့်လူကြီးကတော့ ဆရာယောင်းလေးရဲ့ချစ်ချစ် ဗလကြီးဂျောင်ဂျောင်ကုပါခင်ဗျာ။

"ကဲ ပြီးပါပြီခင်ဗျာ ကိုယ့်ယောင်းဘာစားချင်လဲ ရေသောက်ချင်လား"

"အွန်း ရေသောက်ချင်တယ်"

တကယ်တော့ အခုကျွန်တော်လိမ္မာနေတာအကောင်းတော့မဟုတ်ဘူးဗျ။ ခုနတုန်းကအဲ့အကြည့်တွေကိုခင်ဗျားတို့တွေးရဲမှာတောင်မဟုတ်ဘူး။ အကောင်လေးကသေးသလောက် ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ဝါးစားမတတ်ကြည့်တာဗျ။ ငါခိုင်းတာလုပ်ပေးရင်လုပ်ပေး မလုပ်ပေးရင်ခင်ဗျားအသေပဲ ဆိုတဲ့အကြည့်ကြီးဗျ။ အီးဟီး ကျုပ်ကလူကောင်သာကြီးတာ အသည်းကနုနုလေး။ ‌ဒီပေါက်စကိုကြောက်တယ်။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now