ဂွေးချိကိုပါ ပတ်တီးစည်းပေးထားတယ်ခိည

2.9K 386 281
                                    

လူကြည့်တော့ ဗလကြီးနဲ့ဆေးကြောက်လိုက်တာများ ကလေးလေးတွေမှအားမနာဘူးဗျ။ စဉ်းစားကြည့်ပါဦးဗျာ။ ကျွန်တော်ကအကောင်းနဲ့ သက်သာအောင်ဆေးတိုက်လိုက်မိတာကို ထပဲငိုတော့မလိုလို ဖြစ်သွားတဲ့မျက်နှာကြီးက ခင်ဗျားတို့ကိုပြလိုက်ချင်တယ်။ မုန်တိုင်းတိုက်တော့မဲ့တိမ်တွေမည်းသည်းနေတာတောင် အဲ့လူကြီးမျက်နှာကိုမမှီလောက်ဘူး။

အဲ့တော့လည်း ကျွန်တော့်မှာပျာယာခတ်ရောဗျာ။ နောက်ဆုံးဘယ်လိုချော့လိုက်ရလဲသိလား။ ကျွန်တော့်မှာနောက်ဖေးပြေးပြီး အိမ်မှာရှိတဲ့သကြားတွေ အဲ့လူပါးစပ်ထဲပစ်ထည့်လိုက်ရတာဗျ။

Who is your Master Mr.Quarrelsome?

"ဟေ့လူ ဝါးစားဗျ ဆေးရွက်တွေကိုက်ထားမနေနဲ့ ဝါးလိုက်"

ပါးစပ်ထဲလည်း ဘာမှန်းမသိတဲ့ခါးတူးလွန်အနံ့ပြင်းသည့်အရွက်တွေ ထိုးထည့်သွားတဲ့အပြင်ဗျာ ဝါးစား ဆိုပြီးပြောနေသည့်ကောင်လေးကို ဂျောင်ကုဆွဲဆက်ပြီးသာနမ်းပစ်လိုက်ချင်တယ်။ ကျားမြှီးသာပြေးဆွဲချင်ဆွဲမယ်ကွ အဲ့လောက်ခါးတူးနေတာတွေ ဘယ်သူကစားနိုင်မှာလဲ!

"နားရောကြားရဲ့လား ဟေ့လူ အဲ့တာတွေဝါးလိုက် ဒီလို ဒီလို ဝါး"

လက်ဟန်ခြေဟန်တွေနဲ့ရော မျက်နှာကပါဝါးတဲ့ပုံစံလုပ်ပြနေတာကြောင့် ဒီကောင်လေးချစ်စရာကောင်းတယ်လို့တွေးမိရုံရှိပါသေး ဆက်ပြောသည့်စကားကြောင့် သူ့မှာခံစားချက်ကြီး အောင့်သွားပြန်။

"ကုန်ပြီလား ဟ ဟေ့လူ မဝါးဘူးလား ဆေးရွက်တွေကအလကားရတာမဟုတ်ဘူးဗျ"

မဝါးပဲ သူ့ကိုဒီတိုင်းကြီးကြည့်နေတာကြောင့် စိတ်ကသိပ်မရှည်ချင်တော့သည်။ ဘာလဲဟ ကြောင်တောင်တောင်နဲ့ လူစကားရောနားလည်ရဲ့လား?

"ခင်ဗျားမဝါးချင်ရင်လေ အဲ့ဆေးရွက်တွေ ပါးစပ်ထဲမှာတင်ကြေသွားအောင် ကျွန်တော်ဒါကြီးနဲ့ထောင်းပေးလိုက်ရမလား"

မျက်မှောင်ကြီးကြုံ့ပြီး နှုတ်ခမ်းဆူပြီးမှ ပြုံးသွားတဲ့မျက်နှာလေးက ကြောက်ဖို့ကောင်းသည်။ တစ်ခါတည်းကျည်ပွေ့ကြီးမြှောက်ပြသည့် လက်ရဲဇက်ရဲစွာစိစိန်လေးကြောင့် ဂျောင်ကုတစ်ကိုယ်လုံးကြက်သီးဖျင်းဖျင်းထသွားရ၏ည။ ချက်ချင်း အတွေးနဲ့တင် ပါးစောင်ရိုးကျိုးသွားသလိုခံစားလိုက်ရတာပဲ။

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now