မင်းကသာ ကိုယ့်သခင်ပါ (Final)

2.4K 245 33
                                    

ကြည်နူးရမဲ့ပုံပြင်တစ်ပုဒ်က ပင်လယ်ပျော်ဓားပြတွေအတွက်တော့ခက်ခဲလွန်းလှတယ်။ ဒါပေမဲ့ ကိုယ့်လိုလူမျိုးဆီဒီလိုအခွင့်အရေးမျိုးပေးခဲ့လို့ကျေးဇူးတင်ပါတယ် ကိုယ့်ယောင်းငယ်။

နောက်ဆုံးတော့ ဒီပင်လယ်ဓားပြကပ္ပတိန်ကြီးရဲ့ဆရာသခင်က မစ္စတာစွာစိစိန်လေးဆိုတဲ့ မင်းပါပဲပေါ့ဗျာ။

// Who is your Master Mr.Quarrelsome? //

( Final )

"ညီလေး ဒါကဒီတစ်ပတ်ဆိပ်ကမ်းပြန်ဝင်တဲ့သင်္ဘောစာရင်းတွေ"

"ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော့်စားပွဲပေါ်ပဲတင်ပေးခဲ့ပါ"

မှင်စွတ်စွတ် ‌ငှက်မွှေးတစ်ချောင်းကိုင်ပြီး လက်မှတ်ထိုး ၊ စာရင်းတွေတွက်နေတဲ့သူ့ညီလေးကိုကြည့်ပြီး ရွမ်ဆူတစ်ယောက်ပြုံးနေရတယ်။ အသက်ငယ်ရွယ်ပေမဲ့တိကျသော ကောင်လေး ၊ ဒီကောင်လေးကြောင့် သူ့ကလေးနဲ့ သူ့ဇနီးအသက်ရှင်ခဲ့တာ။ ဒီကောင်လေးကျေးဇူးကြောင့်ပဲ သူတို့ညီအစ်ကိုတွေအားလုံးဘဝသစ်စနိုင်ခဲ့ကြတာ။ ဒီကောင်လေးကြောင့်ပဲ ဂျွန်ဂျောင်ကုဆိုတဲ့ဒီကောင်လေးကြောင့်ပါပဲ။

"ဂျောင်ကု ညီလေး"

"ပြောလေ အစ်ကိုကြီး"

"မင်းအီဝိုင်ယာကျွန်းကိုသွားတော့မှာလား"

သူ့စကားကြောင့် သူ့ညီလေးခေတ္တမျှတွေဝေသွားသည့်ပုံ။ ရေးလက်စစာရင်းတွေရပ်သွားသည့်တိုင် မင်းအတိတ်မှာချန်ထားခဲ့ရတဲ့အချစ်ကပြန်လည်အတွေးထဲနေရာယူသလား ညီလေးရယ်။

"အင်း ဟုတ်တယ် အစ်ကိုကြီး ဒီမှာလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်တော်ပြန်ပြီးသူ့ကိုခေါ်ခဲ့တော့မှာ"

နှစ်နှစ်ကာကာပြုံးတဲ့အပြုံးတွေဟာ ကျက်သရေရှိလွန်းပါတယ်။ အထူးသဖြင့်ယောက်ျားသားတစ်ယောက်ရဲ့အချစ်ကြောင့်ဖြစ်တာမျိုးဆိုရင်ပေါ့လေ။

"ငါ့ညီရဲ့ချစ်သူပါမက အသက်သခင်ကျေးဇူးရှင်ပဲ အစ်ကိုတို့ကနွေးနွေးထွေးထွေးကြိုဆိုရမှာပေါ့"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး အစ်ကိုတို့သာလာမရှာခဲ့ရင် ကျွန်တော်ဒီတစ်သက်အခုလိုလမ်းစနိုင်မှာမဟုတ်ဘူး ကျေးဇူးတင်ပါတယ်"

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now