အော် ချစ်သူပေးသောငြုတ်သီးလေးတွေရယ်

1.9K 240 91
                                    

ရင်ခုန်နှုန်းတွေမြန်ရင် စိတ်တွေမောရတယ်။ ချွေးစတွေပါပြိုက်ပြိုက်ကျအောင် ဒီအ‌နီရောင်လေးများကလုပ်ရက်နိုင်လွန်းပါတယ်။

အော် အချစ်ရယ်...မင်းကကတ်ကတ်စိန်စွာစိစိန်လေးဆိုတာသိသူဖြစ်တာမို့ ကိုယ်ဟာပြန်မပြောရဲစွာဖြစ်လျက် ဒီအပူမီးကိုဘယ်လိုရင်ဝယ်ပိတ်ထားနိုင်ပါ့။

ကြည့်ပါဦး ကျုပ်သိပ်ချစ်ရတဲ့ထိုနှုတ်ခမ်းလေးကပြောရက်ပါပေတယ်။

*ဟေ့လူ ခင်ဗျားကြီးက ပတ်တီးတွေနဲ့နေရတာကြာနေပြီမလား လမ်းလည်းသိပ်မလျှောက်ဖြစ်တော့ အဲ့တာနည်းနည်းထူထူပူပူဖြစ်သွားအောင် ဒါတွေကိုက်စားထားနော် ကျွန်တော်ဒီကျန်တာကို‌အနှစ်လုပ်ပြီးရင် ထမင်းနဲ့နယ်ကျွေးမယ်*

ဆို၍ လက်ထဲငါးတောင့်တိတိရောက်လာခဲ့သော အနီရောင်တောက်တောက်ငြုတ်သီးတောင့်တွေကိုထိုးပေးသွား‌ခဲ့လေရဲ့။ အော်...တက်ကြွစွာသွားရက်သူမှာတော့ နောက်ဖေးမှစဉ့်ဆုံကြီးထဲ ငရုတ်သီးနှစ်တွေဖြစ်အောင်တဂွပ်ဂွပ်စထောင်း‌နေပြီဖြစ်ပေမဲ့ ဒီကျန်ရစ်သူမှာတော့ ငြုပ်သီးငါးတောင့်ရင်ဝယ်ပိုက်ရင်း အသားတဆတ်ဆတ်တုန်လျက် ပြုံးပြုံးကြီးသာကျန်ခဲ့ရပြီ ငါ့အချစ်ရယ်။

ဆက်ပြုံးထားဆဲသာ ငြုတ်သီးရဲရဲလေးတွေကိုကြည့်ပြီး ရယ်ပြလိုက်ပါတယ်။

"မင်းနဲ့ငါပဲကျန်တော့တယ် ငြုတ်သီးတွေရေ အရောင်ကြည့်ရတာတော့ရဲတွတ်နေတာဆိုတော့ ငါ့ကိုသနားငဲ့ညှာသောအားဖြင့်သိပ်တော့မစပ်‌ဘူးမလား ဟီးဟီးဟီး"

ရင်မှာခံစား သူမမြင်နိုင်တယ်ဆိုသလိုပဲ အို...ငါ့ရဲ့ပါးစပ်တွေဟာလည်း လျှောက်ပြောမိပြောရာတွေပြောကုန်ပြီပဲ။‌ အိမ်း လောကကမတည်မြဲပါဘူးလေ။ ဒီနှဖူးကပြိုက်ခနဲ ပြိုက်ခနဲကျလာတဲ့ချွေးစက်တွေ ငါ့နားထင်ဆီကပါတတောက်တောက်ကျလာသလိုပဲ အချိန်တန် အရာအားလုံးကတစ်နေရာဆီသွားရမှာပဲ။ အဲ့တော့ အပုပ်ကောင်ရုပ်ဆောင်ထားတဲ့ဒီခန္ဓာကိုယ်ကြီးလည်း တစ်ခါတစ်လေလိပ်ခေါင်းထွက်တာ ကိစ္စတော့မရှိလောက်ပါဘူးလေ။

အဆုံးသတ်မှာတော့ ကပ္ပတိန်-ရေဘဝဲကြီးဂျွန်တစ်ယောက် အချဉ်ပြုံးသွားကြီးစိထားရရင်း မျက်လုံးကြီးမှိတ်မစားခင်ရေရွတ်လိုက်သည်က...

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Where stories live. Discover now