အိပ်မက်ထဲကမျောက်‌ကလေး

1.3K 191 28
                                    

အခြေအနေတွေရောက်လာရင် တစ်ဘဝစာအတွက်ကိုယ့်ချစ်သူကိုမြတ်နိုးစွာထားနိုင်ဖို့အတွက် တစ်ခဏတာဝေးကွာရမဲ့လမ်းကို ကိုယ်ကျိန်းသေပေါက်ရွေးချယ်ရမယ် ကိုယ့်ယောင်း။

အခုတော့ ဒီခဏလေးမှာဘာမှမတွေးပဲချစ်ချင်သေးတယ်။

// Who is your Master Mr.Quarrelsome? //

"အဲ့လူကြီးကြာလိုက်တာ"

ထယ်ယောင်းနေ့လည်ထမင်းစားပြီးအိပ်ပျော်သွားတာ နိုးလာတော့နေတောင်ပျိုးချင်နေပြီ။ အိမ်ကိုဝေ့ဝဲကြည့်တော့ သူ့လူကြီးမရှိ။ နေ့လည်မရောက်တရောက်ချိန်ကတည်းက ဈေးထဲထွက်သွားတာ အခုညနေတောင်စောင်းနေပြီ ပြန်မရောက်သေးတာလား။

"ဒါလင်"

အသံပြုလိုက်သော်ငြား ပြန်ဖြေသံကမလာ။ လူကချက်ချင်းတင်စိတ်ပူသွားပြီးအိမ်အပေါက်ဝကိုမျှော်ရပြီ။ ခဏနေရင်မိုးချုပ်တော့မယ်။ အဲ့တာကိုအခုချိန်ထိပြန်ပေါ်မလာတဲ့ခင်ပွန်းဖြစ်သူကြောင့် အိမ်မှာကျန်ခဲ့တဲ့ထယ်ယောင်းလည်တငင့်ငင့်ဖြင့်။

"မထူးပါဘူး ငါလိုက်သွားမှပဲ ဘာဖြစ်နေပြန်ပြီလဲမသိဘူး"

လူကမနက်ကတည်းကသိပ်နေလို့မကောင်းပဲ ချောင်းဆိုးနေတာကြောင့် တစ်ခါလေးဈေးထဲလွှတ်လိုက်မိပါတယ်။ လင်တော်မောင်ကညနေစောင်းတဲ့အထိပြန်မရောက်လာပဲ ဘယ်အရပ်ကြွသွားလဲမသိဘူး။

အခုတော့ထယ်ယောင်းခမျာနေမထိထိုင်မသာနဲ့ အပေါ်ထပ်ပါးလေးပတ်ပြီးအောက်ဆင်းလာရပြီ။

"ကိုကို!!!!!!!"

"လန့်လိုက်တာ ခင်ဗျားရယ်"

‌အိမ်အောက်ဆင်းရုံရှိသေးသည်။ ဟိုးအဝေးကြီးကနေအသံပြဲကြီးကအရင်ကြားလိုက်ရတာကြောင့် ပြန်ရောက်လာပြီမှန်းသိလိုက်ရတယ်။ အနားရောက်မှတွေ့ဦးမယ်။ ခင်ဗျားဗိုက်ကြောပြတ်ဖို့သာပြင်။

"ကိုကို ဘာလို့အောက်ဆင်းနေတာလဲ နေကောင်းသေးတာလည်းမဟုတ်ပဲနဲ့"

"မနက်ကတည်းကလွှတ်လိုက်တာ အခုဘယ်အချိန်ရှိနေပြီလဲ ကိုဂျောင်ကု"

"အဲ ကိုယ်ဘယ်မှမသွားပါဘူး ဆရာယောင်းရဲ့ ဒီတိုင်းဟိုနားဒီနားမှာစကားနည်းနည်းပြောနေတာပါ"

Who is your Master... Mr.Quarrelsome? 𐤀 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ