[ 25 ]

30.9K 2.6K 103
                                    

[ သူကြီးသမက် ]

ညနေစာအတွက် အရိပ်အင်းထဲကခူးလာတဲ့ကဇွန်းရွက်ကိုကြော်လိုက်ပြီးနောက် အိမ်ရှေ့ဇီးဖြူပင်ကဇီးဖြူသီးကိုဝါးလုံးရှည်နဲ့လှမ်းရိုက်ခြွေလိုက်ပြီး အိမ်အနောက်‌ငရုတ်သီးပင်ကငရုတ်သီးစိမ်းလက်တစ်ဆုပ်ခူးလိုက်၍ ပုဇွန်ခြောက်များများနဲ့ထောင်းလိုက်သည်။

ချစ်ယောက်ျားရိုးကဇီးဖြူသီးထောင်းဆိုသိပ်ကြိုက်သူဖြစ်၏ ရိုးနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်း ရိုးဘာဟင်းမယ်လေးတွေကြိုက်တတ်သလဲဆိုတာ အရိပ်မှတ်ထားမိသည်။ အိမ်ထောင်းဦးစီးလုပ်သူ ရိုးကိုအိမ်သူသက်ထားအရိပ်ကောင်းကောင်းလေး ရိုးအကြိုက်တွေကိုချက်ကျွေးချင်မိသည်။

မနက်ကဦးလေးရိုးဟန်ကြော်ထားတဲ့ ကြက်သားကြော်တွေလဲကျန်နေသေးတာကြောင့် နောက်ထပ်ဟင်းတစ်ခွက်ကိုအိမ်အနောက်‌ချဉ်ပေါင်ပင်ကဟင်းရည်ချက်စရာအနည်းငယ်ခူးပြီးချက်လိုက်သည်။

ရွာမှာကအသားငါးဖိုးလောက်သာအကုန်ကျခံငွေထုတ်ကြတာဖြစ်ပြီး အသီးရွက်လောက်ကတော့ သူ့အိမ်နောက်ကိုယ့်အိမ်နောက်မြေကွက်လပ်မှာ အနည်းငယ်စိုက်ထားကြတာဖြစ်သည်။

🎵" မောင်ပြန်လာရင် အဆင်သင့်စားဖို့ရယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ် "🎶

🎵" ကဇွန်းရွက်အချဉ်ရည် အဆင်ပြေတာရယ် ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့အသုတ်ခွဲလို့ ငါးပိရည်လေး မွှေးမွှေးရယ် ဒညှင်းသီးနဲ့တိုစေကွယ် "🎶

🎵" မောင်အမောပြေ အရိပ်တမင်ချက်ပြုတ်ထားပါတယ် " 🎶

အရိပ်တစ်ယောက်တည်းဟင်းတွေချက်ရင် ပါးစပ်ကလဲသီချင်းလေးတိုးတိုးဆိုညည်းနေလိုက်သည်။

" မွေးနေတာပဲဟေ့ ... ဦးရိုးဟန်ဘာတွေချက်နေတာလဲ "

အိမ်ဘေးကအောင်သက်ရဲ့အမေအရီးလေးရဲ့လှမ်းအော်မေးလာတဲ့စကားကြောင့် အရိပ်ချက်ထားတဲ့ဟင်းအိုးတွေပြောင်စင်အောင်သဲကြမ်းနဲ့တိုက်ဆေးနေရင်းပြန်အော်ဖြေလိုက်သည်။

" ဦးလေးမဟုတ်ဘူး အရီးရေ... ကျွန်တော်အရိပ်ချက်နေတာ "

" အရိပ်လား မသိပါဘူးအေ ငါ့ကမင်းဦးလေးမှတ်နေတာ မနက်ကဦးရိုးဟန်ပြောတော့ အရိပ်အင်းထဲကိုလိုက်သွားတယ်ဆို "

( သူကြီးသမက် )  CompletedWhere stories live. Discover now