Part 1
27.6K 899 19
"ချစ်တာ ဟားးဟားး ကျုပ်က ချစ်ရမယ်လား မြို့အုပ်မင်းက သိပ် စိတ်ကူးယဉ်တာပဲ ကျုပ်က ယောက်ျားပျိုတွေကို ရင်မခုန်ဘူး နယ်ချဲ့လက်ပါးစေဖြစ်တဲ့ မြို့အုပ်မင်း အနားမှာ ရှိနေရတာ မသတီလွန်းလို့ သတ်သေချင်မိသည်အထိပဲ"
"ခင်ဗျား လုပ်ရက် တယ် စမ်း"
ဒိုင်း*
'ထို့နောက် စမ်း မှ သေနတ်မောင်းခလုတ်ဖြုတ်လိုက်လေရာ သေနတ်သံတစ်ချက်ထွက်ပေါ်လာသည်'
Jan 21 -1900:Monday;
"အားးးးးး ဟူးးးအိမ်မက်ပဲ ကျုပ် ပြန်မွေးဖွားလာတာတောင် ဘာလို့နှောက်ယှက်နေရသေးတာလဲ ခင်ဗျားရယ်"
'အိမ်မက်ဆိုးတွေ မက်နေသူသည် ဒဂုံမြို့ကြီး ကနေ ခတ်တရာမြို့နယ်လေးသို့ ပြောင်းရွှေ့လာတဲ့ အသက်၂၈နှစ်အရွယ် မြို့အုပ်မင်း မင်းခေတ်ဝဠာမောင် ဖြစ်သည် မင်းခေတ်သည် ညိုသောအသားအရည် ထူထဲသောမျက်ခုံး ဗာဒံစေ့သဖွယ်မျက်လုံး သွယ်လျသောနှာတံ ဆေးလိပ်သောက်များလို့ နီညိုသန်းနေသောနှုတ်ခမ်း အရပ် 6'1"ဖြင့် ချောမောသော လူရွယ်တစ်ယောက်ဖြစ်သည် မင်းခေတ်က အရင်ဘဝမှာ သေနတ်မှန် သေခဲ့ရပြီး အခုဘဝတော့ သူပြန်လည်မွေးဖွားခဲ့တာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်'
"ရေကြည်စမ်း ခင်ဗျား အခုချိန်ဘာလုပ်နေမလဲ ခင်ဗျားကို မုန်းခွင့်ရအောင် ဘုရားသခင် က ကျုပ်ကို အခွင့်ရေးပေးတယ် ထင်မိပါရဲ့ ပြန်မွေးဖွား ခွင့်ရခဲ့တယ်"
'မင်းခေတ် သည် စီးကရက် သောက်ကာ သူ့ကုတင်ဘေး စားပွဲခုံပေါ်က ပြက္ခဒိန်ကို ငေးရင်း သူ့အရင်ဘဝ ကအကြောင်းကို ပြန်တွေးနေမိသည်'
အရင်ဘဝက တစ်စိတ်တစ်ပိုင်း;
"မြို့အုပ်မင်း ကြွပါခင်ဗျာ ခင်ကြည် သောက်စရာယူလာခဲ့လေ"
'ဆန်စက်ပိုင် ဦးအုန်းက သမီးဖြစ်သူ ခင်စမ်းကြည် ကို ပြောလိုက်သည်'
"ဟုတ်ကဲ့ အဖေ"
'ဇာပါးအနီကိုမှ ရင်ခံလေးနဲ့ချိတ်ထဘီ အနီအနက်စပ်ထားပြီး ဘေးနှစ်ဖက်မှာ ကျစ်ဆံမြီးခွေထားတဲ့ ခင်စမ်းကြည်အလှက ပေါ်လွင်လှသည်'
"ကျုပ်အတွက် ပြင်ဆင်မနေပါနဲ့ အန်ကယ် ကျုပ်က သတို့သမီးလောင်းကို လာကြည့်တာ ကျုပ် မိဘတွေက စေခိုင်းလို့"
'မင်းခေတ်က ခင်ကြည် ဘက်ကြည့်ပြောလိုက်သည်'