Part 6
4.2K 428 35
"ညီမောင် ဒီလာလေ"
"မလာဘူး စမ်း ကျုပ် ခင်ဗျားကို မုန်းတယ်"
'စမ်း က မင်းခေတ်ကို ခေါ်နေပေမယ့် မင်းခေတ်က ဝေးရာကိုသာ ပိုသွားနေသည်'
"ကျုပ်ကို လာကူပါ ညီမောင် "
"မခေါ်နဲ့ အဲ့နာမ်စားကို မသုံးစမ်းပါနဲ့ ခင်ဗျားရယ်"
"ညီမောင် ကျုပ်ကို သတ်ကုန်ပြီ"
'စမ်း ကို လူနှစ်ယောက်က ဓားနဲ့ ဝိုင်းထိုးလိုက်ကြသည်'
"စမ်း စမ်း ဘာမှမဖြစ်ရဘူးးနော် ကျုပ် ကူမယ်"
'မင်းခေတ်က ချက်ခြင်း စမ်း အနားပြေးသွားလိုက်သည် '
"အဟွတ် ညီ ညီမောင် ငါ့ကိုကယ်ပါ ညီမောင်"
'ထိုလူနှစ်ယောက်က စမ်း ကို ဆွဲခေါ်သွားကြသည် မင်းခေတ်ကလည်း လိုက်လို့မမှီပေ'
"စမ်း စမ်းးကို ခေါ်မသွားးကြနဲ့ ကျုပ်ရဲ့စမ်းကို ခေါ်မသွားနဲ့ စမ်း!!!!!!!!!!!"
*ဟူးး အိမ်မက် ပဲ စမ်း တစ်ခုခုဖြစ်နေလို့လား*
'ည ၁၁ချက်တီး(၁၁နာရီ)အချိန်မှာ မင်းခေတ်က အပေါ်လက်ရှည်ဝတ်ပြီး အောက်ဆင်းလာခဲ့သည်'
"သားခေတ် ဘယ်လဲ မိုးချုပ်နေပြီလေ"
'ဒေါ်မြနွယ်က ရေသောက်ထရင်း သုတ်ပျာပျာဖြစ်နေတဲ့ မင်းခေတ်ကို မေးလိုက်သည်'
"အရေးကြီးလို့ မာမီ စိတ်မပူပါနဲ့"
"အေးအေး"
'မင်းခေတ်လည်း မောင်သီ စက်ဘီး ယူစီးလာခဲ့တော့သည်'
*ခင်ဗျား ဘာမှမဖြစ်ရဘူးနော် ကျုပ်နဲ့လက်ထပ်ရအုံးမှာ*
"ခြံတံခါးက သော့ မပိတ်သေးပါလားး စမ်း မရှိတာလား"
'မင်းခေတ်က စမ်း ခြံရှေ့ရပ်ပြီး တံခါးကိုကြည့်လိုက် စမ်း အခန်းကို ကြည့်လိုက် လုပ်နေလေသည် စမ်းအခန်းက မီးမငြိမ်းသေးပေ'
"အပြင်က ပြန်မလာတာလား ကျစ် ဒီလောက် ညနက်နေတာကို"
'မင်းခေတ် လည်း စက်ဘီး ဖြင့် လမ်းများကို ပတ်စီးပြီး ရှာနေတော့သည် '
လမ်းတစ်နေရာ အရောက်;
"ကိုရေကြည်စမ်း"
"မြို့အုပ်မင်း ညနက်နေပြီကို ဘာလုပ်နေတာလဲ"
'စမ်း အိမ် သုံးအိမ်ကျော်လောက်မှာ မင်းခေတ်နဲ့ဆုံလေသည်'