Part 13
3.6K 370 43
"ညီမောင် ညီမောင်"
"စမ်း  မောင် ရှိတယ်နော်"
'စမ်းက ဆေးရုံကုတင်ပေါ်ကနေ အိပ်လျက် ယောင်ပြီး ညီမောင်လို့ ခေါ်နေလို့ မင်းခေတ်က အသာပွေ့ဖက်ထားလိုက်သည်'
*အိမ်မက်ထဲ ကျုပ်ကို ထည့်မက်နေတာလား မုန်းလိုက်တာ*
"ဖယ်စမ်း!!!ခင်ဗျားးဘာလုပ်တာလဲ"
'စမ်း နိုးလာတော့ သူ့အပေါ်အုပ်မိုးကာ ဖက်ထားတဲ့ မင်းခေတ်ကို တွန်းထုတ်လိုက်သည်"
"နို့  ကိုရေကြည် ကျေးဇူးမတင် ဖင်လှန်ပြ လုပ်နေပါလား"
"ဘာ!!မြို့အုပ်မင်းး ခင်ဗျားစကားက စည်း မရှိပါလား"
"လင် မယား  Sorry လင်လင် ကြား စည်းဆိုတာ အလကားပါပဲ ခင်ဗျားက ညီမောင် ညီမောင် ခေါ်နေလို့ ကျုပ်က နှစ်သိမ့်နေတာ"
"ညီမောင် ဆိုတာ မြို့အုပ်မင်း ကို ခေါ်နေလို့လား"
"ခင်ဗျား ယောက်ျား နာမည်က မင်းခေတ်ဝဠာမောင် လေ"
"မောင် ဆိုတာ မြို့အုပ်မင်း တစ်ယောက် မှည့်ထားတာလား"
'စမ်းကလည်း စကားကို ကပ်သီးကတ်သတ်ပြန်ပြောနေသည်'
"နို့ လက်ရှိ ကျုပ်ပတ်ဝန်းကျင်မှာ မောင် ဆိုတာ ကျုပ်ပဲ ရှိတာ ဒါမှမဟုတ် ကျုပ် အဖေ ဦးခေတ်မောင် ကိုများ ခေါ်တာလား"
'မင်းခေတ်က ကုတင်ဘေး လက်ပိုက်ကာ ကဲ ဘာပြောချင်သေးလဲဆိုတဲ့အကြည့်နဲ့ကြည့်နေလိုက်သည်'
"ဒါနဲ့ မင်္ဂလာပွဲက ပျက်သွားတာလား"
'ယခုထိ မင်္ဂလာတိုက်ပုံနဲ့ပုဆိုး ဖြစ်နေသေးတဲ့ မင်းခေတ်ကို သတိထားမိကာ မေးလိုက်သည်'
*ပျက်လိုက်စမ်းပါ ဒါမှ မြို့အုပ်မင်းနဲ့မယူရမှာ*
'စမ်းက စိတ်ထဲကနေ တွေးကာ ပျော်နေလေသည်'
*စမ်း  ကျုပ်က ခင်ဗျားကို သိပ်မုန်းလို့နေမှာ ခင်ဗျားမျက်ဝန်းတွေကို ဖတ်တတ်နေတာ အဟက် *
"မပျက်ပါဘူး အခုဆို ခင်ဗျားက ကျုပ်ရဲ့တရားဝင်ခင်ပွန်း ဖြစ်သွားပြီ"
"ဟင် ဘယ်လိုဖြစ်လို့  ကျုပ်က ပွဲမှာ ရှိမနေဘူးလေ"
"ဟားဟားးစမ်းက သိပ် အ တာပဲ ခင်ဗျားရဲ့ယောက်ျားက မြို့အုပ်မင်း ဆိုတာ မေ့နေလေရော့"
'မင်းခေတ်က ရယ်မောစွာ ပြောလိုက်သည်'