Part 10
4.1K 410 50
"ဘယ်နေရာဖြစ်ဖြစ် အိပ်တတ်လိုက်တာ သူက လူနာစောင့်လား ကိုယ်လား မသဲကွဲဘူး"
'စားပွဲပေါ် ခေါင်းမှောက်အိပ်နေတဲ့ စမ်း ကို မင်းခေတ် ထိုင်ကြည့်နေလိုက်သည် ညတိုင်းလည်း စမ်း အိပ်ပျော်သွားတိုင်း မင်းခေတ်က ထိုင်စောင့်ပေးခဲ့ရတာဖြစ်သည်'
"ကျုပ်သာ မရှိရင် တစ်ညနဲ့ ဇာတ်ကျိုးသေမှာ အသေချာပဲ ကလေး မဟုတ်ဘဲ အစစအရာရာ လုပ်ပေးရတယ်"
'မင်းခေတ် က တဘတ်အထူ ကို ယူပြီး ခေါင်း ခုပေးဖို့  စမ်းအနားသွားလိုက်သည် သူ့ လက်ကလည်း သက်သာနေပြီဖြစ်သည်'
"တောင်းပန်ပါတယ် နာခဲ့မှာပဲနော်"
'စမ်းရဲ့ ဂုတ်နေရာလေးကို ခပ်ဖွဖွ ထိကာ စကားဆိုလိုက်သည် ထိုအပြုအမူက ညတိုင်းအတွက် ပုံမှန်အလုပ်ဖြစ်နေသည် သူ ရိုက်ခဲ့တဲ့ စမ်းရဲ့ လည်ပင်းလေးကို အသာတကြည်ထိတွေ့နေသည်'
*မြို့အုပ်မင်း က ဘာလုပ်တာလဲ ငါ့လည်ပင်းကို *
'စမ်း က နိုးနေလျက် အိပ်ချင်ယောင်ဆောင်လိုက်သည်'
"ခင်ဗျားကတော့လေ ဇာတ်တွေနာနေလောက်ပြီ အနားလာအိပ်ဆိုမအိပ်ဘူး ကျုပ် စိတ်မဖြောင့်အောင် အမြဲလုပ်နေတာ'
'စမ်း ခေါင်း ကို အသာမယူကာ ခေါင်းအောက်က စာအုပ်ကို နှုတ်ယူနေသည်'
"ဘာလုပ်**"
ဒုန်းး*
"အာ့  မြို့အုပ်မင်းး ခင်ဗျား အိပ်နေသူကို နှောက်ယှက်ရလား"
'မင်းခေတ်က စာအုပ်ယူနေချိန် စမ်း က မျက်လုံးဖွင့်လာပြီးမေးတော့ ခေါင်းကို ထိန်းထားတဲ့လက်ကို လွှတ်လိုက်တဲ့အပြင် စာအုပ်ကိုပါဆွဲယူလိုက်တော့ စမ်း ခေါင်းက စားပွဲခုံနဲ့ ရိုက်မိသွားတာဖြစ်သည်'
"ကျုပ် စာအုပ် နွမ်းမှာမို့ ယူနေတာ "
*ဗြောင်လိမ်နေတယ် စိတ်ရင်း အတိုင်းမပြောဘူး*
"ယူပြီး ပြီ မို့လား ကျုပ် အိပ်တော့မယ်"
"ကျုပ် ကုတင် က ကျယ်ပါတယ် စမ်း လာအိပ်လေ နောက်လဲ အတူနေရမှာပဲလေ"
"မြို့အုပ်မင်း ခင်ဗျား ပါးစပ်က မထွက်ရဲတာကို မရှိဘူး"
"ဟောဗျာ ကျုပ်က လာအိပ်ရုံလေးပဲပြောတာ ခင်ဗျားက ဘာတွေ တွေးနေတာလဲ"
'တဘတ်ကို ပုခုံးပေါ်တင်ပြီး စာအုပ်ကိုင်ရင်း လက်ပိုက်ကာပြောလိုက်သည်'