Part 30
3.2K 301 143
"ရေကြည် ဟိုလူစိမ်းဆီ သွားကူလိုက် ကျုပ်ကာပစ်ပေးမယ်"
"အားကိုးတယ် ရတု"
'စမ်း က ရတု ပုခုံးကို ပုတ်ကာ ထသွားလိုက်သည်'
*တိုက်ပွဲဖြစ်နေတာကို ဟိုထိ ဒီထိနဲ့ ငါ ဒင်းကို အရင်ပစ်ခဲ့ရမှာ*
'မင်းခေတ်က ခပ်လှမ်းလှမ်းမှာ ရှိတဲ့ စမ်းတို့ကိုမြင်ပြီး ဒေါသထွက်နေတော့သည်'
ဒိုင်းးး ဒိုင်းး*
"သေမသေနိုင်ဘူးး မျိုးမစစ်တွေ တောက်!!"
*ညီမောင်က ကျုပ်တို့ကို ကူညီပေးတယ် မြို့အုပ်မင်း ညီမောင်ကလေ*
'စမ်း မျက်နှာကို မမြင်ရပေမယ့် ခန္ဓာကိုယ်အချိုးအစားအရ ထိုလူက ညီမောင်ဆိုတာ တပ်အပ်သိနေသည် မြို့အုပ်မင်းတစ်ယောက်က ကူညီနေလို့လည်း ပိုအံ့သြရသည်'
"ဟာ စမ်း  ကိုယ့်ယောက်ျားကို မမြင်ဖူးလို့ရပ်ကြည့်နေတာလား ခင်ဗျားနောက်က ကောင်က ခင်ဗျားလင် ကျုပ်လို ရှောင်ပစ်မယ်ထင်နေတာလား တိုက်ပွဲကြားရပ်နေရအောင် ခင်ဗျားက ဘာမို့လဲ"
'နောက်ဘက်က အင်္ဂလိပ်တစ်ယောက်က တိုက်ပွဲကြား ရပ်နေတဲ့ စမ်း ကို ပစ်လိုက်ရာ မင်းခေတ် စမ်း ကို ကာကွယ်ဖို့ဆွဲလှဲပြီး နောက်ကလူကိုပစ်ရင်း ပြောလိုက်သည်'
"အေး မင်းကို ငါ့ယောက်ျားလား သူများယောက်ျားလား သေချာအောင်ကြည့်နေတာ "
"ခင်ဗျားယောက်ျား စစ်စစ်ပါဗျ"
'မင်းခေတ်နဲ့စမ်း က အတွဲညီစွာ အင်္ဂလိပ်တွေကို တိုက်နေတော့သည်'
"ရေကြည် ကျန်တဲ့ နယ်ချဲ့တွေ တပ်ဆုတ်ပြီး ပြေးကုန်ပြီ ဒီဘက်က ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျားသာ မကယ်ရင် ကျုပ်တို့ မျှော်လင့်ချက်တွေ ဆုံးရှုံးရမှာ"
'ရတုက စမ်း ဘေးရပ်ကာ ပုဝါစီးထားဆဲဖြစ်တဲ့ မင်းခေတ်ကို ကျေးဇူးတင်လိုက်သည်'
"မလိုဘူးး ကျုပ် ယောက်ျား အန္တရာယ်ကင်းဖို့ အဓိကပဲ "
"ဟမ် မြို့ မြို့အုပ်မင်း"
'ပုဝါကို ဖြည်ချကာပြောလိုက်တဲ့ မင်းခေတ်ကို မြင်ပြီး ရတု အံ့သြနေတော့သည်'
*ငါ့ယောက်ဖလောင်းကြီးပါလား အခုကတည်းက ဖား ထားရမယ်*
"ရေကြည်အတွက်ကတော့ မပူပါနဲ့ မြို့အုပ်မင်းဗျ ကျုပ်က အမြဲကာကွယ်ပေးမှာပါ ရေကြည်က စိတ်အားငယ်တတ်ပေမယ့် ရဲရင့်တဲ့စိတ်တော့အပြည့်အဝပိုင်ထားတာ သူ့အတွက်ကတော့ မပူပါနဲ့ ကျုပ်ရှိတယ်"
'ရတုက မင်းခေတ်ရဲ့ မျက်နှာအခြေအနေကို မကြည့်ဘဲ စမ်း ပုခုံးကို ဖက်ကာ သူပြောချင်ရာပြောလိုက်သည်'