Part 3
5K 475 33
"ရေကြည်  ရေကြည်ရေးး"
"နို့ မနုရီ မပေါ့မပါးကြီးနဲ့ ဘာလို့ပြေးလာရသလဲ ထိုင်ပါအုံး"
'စမ်း က နုရီအတွက် ခုံ ပြင်ပေးပြီး ထိုင်စေသည်'
"မထိုင်အားပါဘူးးဟယ် ကိုမြင့်တိုး ကိုမြင့်တိုးလေ"
"ဘာဖြစ်တာလဲ ဖြေးဖြေး အနားယူပြော"
'နုရီ က အမောလုံးစို့ပြီး ပြောနေလို့ စမ်းက ဖြေးဖြေးပြောခိုင်းသည်'
"ကိုမြင့်တိုး တို့ အဖမ်းခံရလို့"
"ဗျာ  ဘယ်သူပြောတာလဲ မနုရီ  "
"ကျုပ်  ကျုပ်ကိုယ်တိုင် မြင်ခဲ့တာ မြို့အုပ်မင်းက ကြိုးတုပ် ခေါ်သွားတာ ကိုမြင့်တိုးအပါအဝင် ဆယ်ယောက်တောင်ပဲ"
"ရေကြည် မင်းက ဆန်စက်ရှိနေတာပဲ ကျုပ်က လိုက်ရှာနေတာ"
"ကိုတင်မြင့်  သတင်းထူးသလား ကိုမြင့်တိုးးကိစ္စ"
"အဲ့ဒါလာပြောပြတာ တောထဲက တပ်ဖွဲ့အကုန်ဖမ်းမိကုန်ပြီ ဒီမြို့အုပ်မင်းက တယ် အနံ့ခံ ကောင်းပါပေ့"
"ရေကြည် ကျုပ်ယောက်ျားကို ကယ်ပေးပါ  မြို့အုပ်မင်းက နင့်ယောက်ဖလောင်း ဆို ကယ်ပေးပါ ငါ့ကို မသနားတောင် ငါ့ဗိုက်ထဲက ကလေးကို သနားပါဟယ်"
'နုရီက စမ်း လက်ကို ကိုင်ကာ ငိုရင်း ပြောနေသည်'
"ဘယ်လိုလုပ်မလဲ ရေကြည် သွေးသစ္စာ တွေက မင်း ဆုံးဖြတ်ချက် စောင့်နေတာ"
"မပူပါနဲ့ မနုရီ  ကိုမြင့်တိုး လွတ် လာစေရမယ် အတင်းမငိုပါနဲ့ ဗိုက်ထဲက ကလေး ထိခိုက်နေမယ်"
"ရေကြည် မင်း အဖမ်းခံလို့ မဖြစ်ဘူးနော်"
"ကျုပ် အဖမ်းမခံပါဘူးးဗျာ ကိုတင်မြင့်က ငယ်သားတွေကို ဘာမှမလုပ်ဖို့ အသိပေး ပေး မနုရီက အိမ်မှာ အနားယူနေတော့ ကျုပ် သွားစရာ ရှိသေးလို့"
"ဂရုစိုက်ပါ ရေကြည်"×2
မြို့အုပ်မင်းခြံအနောက်ဘက်တွင်;
"ဟက် တောပုန်းသားတွေက ကျုပ်ကို ရှောင်ရမယ်ထင်နေလား ပြောပါအုံး မင်း တို့ခေါင်းဆောင်"
'သစ်ပင်ကိုင်းကနေ ကြိုးတန်းလန်းချည်ခံထားရသူရှေ့ ရပ်ပြီး မင်းခေတ်က ဆေးလိပ်သောက်ရင်းမေးလိုက်သည်'