စာလုံးပေါင်း စစ်မထားပါ
"မောင်သီ"
"ခင်ဗျာ!"
"ကျုပ် ခေါ်ခိုင်းတဲ့သူ ရောက်ပြီလား"
'မင်းခေတ်က အိမ်အပေါ်ထပ်ကနေဆင်းလာပြီး လှေကားခြေရင်းက မောင်သီ ကို မေးလိုက်သည်'"ဧည့်ခန်းမှာ ထိုင်စောင့်နေတယ်ဗျ"
"မာမီတို့ကော ရှိကြလား"
"အပြင်ခဏသွားတယ်ဗျ"
"စောင့်နေရတာ ကြာသွားသလား"
"မကြာပါဘူးဗျ မြို့အုပ်မင်းက ကျုပ်ကို ဘာများပြောစရာရှိလို့ပါလဲ"
"အရင်ထိုင်ပါအုံး"
'မတ်တပ်ရပ် နှုတ်ဆက်နေတဲ့သူကို ထိုင်စေပြီး မင်းခေတ်က မျက်နှာချင်းဆိုင်ထိုင်လိုက်သည်'"ဟုတ်"
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"ကျုပ် နာမည် ချစ်ထူး ပါ"
"အင်း ချစ်ထူး မင်း နှစ်ဆန်းတစ်ရက်နေ့က ခင်စမ်းကြည်ကို ဘုန်းကြီးကျောင်းအပြင်ခေါ်ထုတ်သွားတယ်နော်"
'မင်းခေတ်က တိုက်ပုံဝတ်စုံအပြည့် ရှူးဖိနပ်နဲ့ ခြေချိတ်ထိုင်ကာ မောင်သီ မီးတို့ပေးတဲ့ စီးကရက်ကိုသောက်ကာ မီးခိုးတွေကို မှုတ်ထုတ်ရင်းမေးလိုက်သည်'"ကျုပ် ကျုပ် မခင်စမ်းကြည်ကို မသတ်ပါဘူးဗျာ သူများခေါ် ခေါ်ခိုင်းလို့ပါ ကျုပ် မသတ်ပါဘူးး"
'ချစ်ထူးက သူမသတ်ကြောင်း ကြောက်လန့်ကာ ရှင်းပြနေတော့သည်'"နို့ မလန့်ပါနဲ့ မင်းမသတ်မှန်း ကျုပ်သိပါတယ် ကျုပ် အခု ခေါ်ခိုင်းတယ်ဆိုတာကလည်း မင်းဆီက အကူအညီလိုလို့ပါ"
"ဟုတ် ပြောပါ"
"အဲ့နေ့က မင်းကို တစ်ဆင့်ခေါ်ခိုင်းတဲ့ လူတွေ မျက်နှာ မှတ်မိလား"
"မှတ်မိပါတယ်ဗျ တစ်ယောက်က အင်္ဂလိပ်ဗျ ကျန်တစ်ယောက်က ခတ်တရာမြို့ကပဲ နယ်ချဲ့ကျွန်**"
'ချစ်ထူးက သူပြောချင်ရာကိုပြောနေပြီး သူ့ရှေ့က မြို့အုပ်မင်းဆိုတာကို သတိရသွားလို့ စကားကို ရပ်ကာ မင်းခေတ်ကို အကဲခတ်လိုက်သည်'"ဆက်ပြောပါ ကျုပ်လည်း ဗမာ တစ်ယောက်ပဲ"
"နယ်ချဲ့ကျွန်လုပ်နေတဲ့ လှဦး ပါ သူက ကိုယ့်ဗမာအချင်းချင်း မတရား ဂုတ်သွေးစုပ်ယူနေတဲ့ မျိုးဖောက်တစ်ယောက်ပါ "
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...