"ရိပ် ကို သတိရတယ် ကိုယ့်ဂျစ်တူးလေးရယ် "
'မိုးညိုတစ်ယောက် ပဝါအဖြူလေးကို ကိုင်ကြည့်ကာပြောနေတော့သည်'"နားငြီးလိုက်တာ သတိရရင် သွားတွေ့လေ နို့ ဒါနဲ့ ရိပ်က ဘယ်သူလဲ"
'မင်းခေတ်က မိုးတူနာမည်အရင်း မသိလို့မေးမိလိုက်သည်'"နောက်တော့ မင်းသိလာမှာပါ "
"အင်း ဒါနဲ့ မိုးညို"
"ဘာလဲ မင်း ကျုပ် ဧည့်ရိပ်သာ ကို ဘာလုပ်လာတာလဲ"
"စမ်း က သူ့အဖေအိမ် ပြန်သွားလို့ ကျုပ် ဒီဆီအိပ်မှာ"
"နို့ မင်းက မင်းယောက်ျား မရှိတာနဲ့ ညမအိပ်တတ်တော့ဘူးလား အတူလိုက်သွားပါ့လား"
"ဒီညနေမှာ သူတို့အဖွဲ့ အစည်းအဝေး လုပ်မှာ ငါတမင် လွှတ်လိုက်တာ"
"ဒါဆို ကိုရေကြည် က သူ့အဖေအိမ်ပြန်တယ်ဆိုပြီး အဲ့ဆီသွားမှာလား"
"အင်း ဟုတ်တယ်"
*ဒါဆို ငါ့ရဲ့ရိပ်လေးကော ပါမှာပေါ့ *
"ဒီတစ်ခါ ဘာကို ဦးတည်မလဲ ငါမသိဘူး အရင်ဘဝနဲ့ မတူတော့တာတော့ သေချာတယ်"
"ကိုရေကြည် ကို လွှတ်မထားနဲ့ သူက သွေးကြွတဲ့လူ တစ်ခုခုဆို သူပဲထိခိုက်မှာ"
"ငါ့ယောက်ျားက ဘယ်လောက်ထိ သွေးကြွ လဲဆို အင်္ဂလိပ်ဘုရင် ဦးထုပ်ကို ခြေထောက်နဲ့နင်းပစ်တဲ့အထိပဲ"
"Oh My God! အဲ့လူက ဘာမှမလုပ်ဘူးလား"
"နို့ လုပ်လည်း ကျုပ်က ငြိမ်ခံစရာလား ခတ်တရာမြို့ရဲ့ မြို့အုပ်မင်း က မုဆိုးဖို ဖြစ်တယ်ဆိုတဲ့ နာမည်ဆိုး အတွင်မခံနိုင်ဘူး"
*စိတ်ပူရင် ပူတယ်ပေါ့ အလကားကောင်*
"ဒါနဲ့ မိုးညို"
"ပြော!"
'မင်းခေတ်က ကုတင်ပေါ်ထိုင်နေပြီး မိုးညို က ခုံပေါ်ထိုင်နေတာဖြစ်သည်'"မသန့်ရှင်းတဲ့ဟာတွေ စားမိပြီး ရေသန့်သောက်လိုက်ရင် ဝမ်းမလျှောတော့ဘူးမို့လား"
"ဘယ်လို အစားအစာလဲ ဒိတ်လွန်တဲ့ အစားစာလား ပုပ်သိုးနေတဲ့ဟာလား အဲ့ဒါဆို ရေနဲ့မရဘူး "
'မိုးညိုက ဒေါက်တာပီပီ နှံ့နှံ့စပ်စပ်မေးလိုက်သည်'
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...