Part 21
3.1K 310 134
"ကိုကို စိတ်မကောင်းမဖြစ်နဲ့နော် နှင်းက ကိုကို့ ကို ယုံတယ်"
"ဟုတ်ပါပြီဗျာ ကိုကိုတို့ ဒီစောင်းတန်းကနေ စောင့်နေကြမယ်လေ ဒေါ်ဒေါ်က မြို့အုပ်မင်းနဲ့ အတူလာပါစေ"
"ဟုတ်ကိုကို ဒီနားထိုင်ကြမယ်"
"ခဏနော် နှင်းလေး"
"ကိုကို ဘာလုပ်မလို့လဲ"
'အင်္ဂလိပ်လူမျိုးတွေဆီ သွားနေတဲ့ စမ်း ကို နှင်းက မေးလိုက်သည်'
(ဒီမှာ မင်း စာမဖတ်တတ်တာလား )
(ဘာပြောချင်တာလဲ )
'စမ်း က အင်္ဂလိပ်တစ်ယောက်ရဲ့ ပုခုံးကို ပုတ်ကာပြောလိုက်တော့ ထိုလူက နားမလည်သလို မေးသည်'
(ဟိုမှာ ဖိနပ် မစီးရ လို့ ရေးထားတာ ဒီမြေက ငါတို့ဗမာတွေ အထွဋ်မြတ်ထားတဲ့နေရာ)
'စမ်းက ဆိုင်းဘုဒ် ချိတ်ထားတဲ့နေရာကိုပြလိုက်သည်'
(ဟေ့ မင်းတို့ ဘုရား က မြေပေါ်တည်ထားတာ ပြီးတော့ ဒီမြေက ငါတို့ပိုင်တာ ပြီးတော့ ဖိနပ်မစီးရဘူးလို့ ဘယ်သူက အမိန့်ထုတ်ထားတာလဲ)
(လူလို နားမလည်တာလား တခြားသူတွေတောင် ချွတ်နေတာ မင်းမမြင်ဘူးလား)
'စမ်းက တခြား အင်္ဂလိပ်တစ်ချို့ ကိုပါ မေးငေါ့ပြလိုက်သည်'
(ငါလို အထက်တန်းစားဘုရင် တစ်ယောက်က သူတို့နဲ့ယှဉ်စရာလား  ဒီမြေမှာ ငါလုပ်ချင်တာလုပ်မယ်)
'အင်္ဂလိပ်ဘုရင် က လပြည့်နေ့လူစည်ကားတယ်ဆိုလို့ အခြေနေလာကြည့်ရင်း စမ်းနဲ့ ထိပ်တိုက်တွေ့နေတာဖြစ်သည်'
'အင်္ဂလိပ်ဘုရင်က ဘုရားမြေအတွင်း ခြေချမလို့ပြင်လိုက်သည်'
"-------"
(မင်း!!!! ဘာလုပ်လိုက်တာလဲ အသာနေကြ)
'စမ်း က ထိုဘုရင် ဆောင်းထားတဲ့ ဦးထုပ်ကို ဆွဲချွတ်ကာ ခြေထောက်နဲ့နင်းပစ်လိုက်တော့ တခြားအင်္ဂလိပ်တွေက သေနတ်နဲ့ ချိန်ထားကြတော့ ဘုရင်က လက်ပြတားလိုက်သည်'
"ကိုကို!!"
"ဝေးဝေးသွားးနေ"
"ဟုတ်"
'စမ်း ဆီ စိတ်ပူပြီး ရောက်လာတဲ့ နှင်း ကို ဝေးဝေးသွားခိုင်းလိုက်သည်'
(မင်း အခု ငါ့ကို စော်ကားလိုက်တာပဲ)
(စာနာတတ်ပြီလား ဘုရားမြေဆိုတာ ကျုပ်တို့ရဲ့မြင့်မြတ်တဲ့နေရာ နိမ့်ကျတဲ့ ဖိနပ်နဲ့ နင်းဖို့ မဟုတ်ဘူး )