Part 47
2.3K 225 61
Comment တွေကို အမြဲတမ်းဖတ်ပါတယ် ပီတိလည်းဖြစ်ပါတယ် ယဉ်လေး Reply မပြန်တော့လို့ စိတ်မဆိုးကြပါနဲ့ လိုင်းအဆင်မပြေလို့ ယဉ်လေးတက်တာနဲ့ဆုံမှ ပြန်မိတာပါ😘😘😘
ညနေခင်းတွင်;
"ရေကြည် မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ငါ့ကိုပါ သေစေချင်တာလား"
"ကျုပ်နှမကို သတ်ခဲ့တဲ့ နယ်ချဲ့တွေကို မုန်းတယ် ပြီးတော့ နယ်ချဲ့ လက်အောက်လုပ်နေသူနဲ့ အတူမနေနိုင်ဘူး"
"ဘာလို့ နယ်ချဲ့တွေကို တအားမုန်းနေတာလဲ "
"အဖေ!!အဲ့ နယ်ချဲ့တွေက ကျုပ်နှမကို သတ်သွားတာလေ"
"အကိုရယ် ဦးဦးကလည်း စိတ်ပူနေလို့ပါ  စိတ်လျှော့နော်"
'နုနုထွေးက ညနေအစောပိုင်းကတည်းက စမ်း အိမ်ရောက်နေတာဖြစ်သည် အခုလည်း သားအဖကြားဝင်ကာ ပြောတော့သည်'
"သမီး အကို ကို ရအောင်သာပြောတော့ကွယ် ဦးကတော့ လက်လျှော့ပြီ"
'ဦးအုန်းက စိတ်ပျက်ပြီး သူ့အခန်းထဲဝင်သွားတော့သည်'
"အကို က ဘာလို့ ကိုမောင်နဲ့ ကွာရှင်းချင်နေတာလဲ အကို ပျော်ရလို့လား"
"ထွေး  အကို့စိတ်ကို နှမ အသိဆုံးဖြစ်မှာပါ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားထားတာကို"
"အခုကကော ကိုယ်ရေးကိုယ်တာ မဟုတ်လို့လား ခင်စမ်းကြည် အစား ကိုမောင့်ကို စတေးပစ်မလို့လား"
"လုပ်သင့်လုပ်ရမယ် နုထွေး အကို က မြို့အုပ်မင်းကို အလိုက်ထိုက်ဆက်ဆံခဲ့တာ အခု ကျုပ်လိုချင်တာ ရပြီလေ သူ့ကို မလိုတော့ဘူး"
"အကိုက ကြောက်ဖို့ကောင်းလိုက်တာနော် မြို့အုပ်မင်းတော့ ရင်ကွဲ ကျန်ခဲ့တော့မှာ"
"ကျုပ် ဂရုမစိုက်ဘူး ထွေး ကျုပ် ဂရုစိုက်တာ ခင်လေးကို စော်ကားသွားတဲ့ ခွေးတွေကို အသေသတ်ရဖို့ပဲ ခင်လေးကို သေစေတဲ့မည်သူမဆို ခွင့်မလွှတ်ဘူး"
"ဟုတ်တာပေါ့"
*ထွေး က လိပ်ပြာမလုံ ဖြစ်နေတော့သည်*
"ထွေး လည်း ဂရုစိုက်နော် နယ်ချဲ့ခွေးတွေက ဗမာအမျိုးသမီးတွေကို စော်ကားနေကြတာ ထွေး အသွားအလာ ဆင်ခြင်"