Extra
3.2K 214 50
"ဟီးးဟီးးမမ စိတ်ဆိုးပြေပါတော့နော် မမက တူတူလေးကို မခေါ်တာ နှစ်လနဲ့ လက်တစ်ဖက်(5ရက်)ရှိပြီလေ"
'ရိပ်က သွားဖြီးကာ သူ့အစ်မအနားလာပြီးချော့နေသည်'
"------"
"တူတူလေး က မမကို ကောင်းစားစေချင်တာကို အရေးကြီးလို့ပြေးကြည့်မှ ဒီမောင်နှမလေးနှစ်ယောက်ရှိတာ မမက မခေါ်တော့ တူတူဝမ်းနည်းတာပေါ့"
*အချိန်ပြည့် ဒေါက်တာဆီရှိနေသူက ဘာ ဝမ်းနည်း*
'မိုးသူအနားလာကာ မျက်နှာငယ်လုပ်နေတဲ့ ရိပ်ကို မိုးသူက အဖက်မလုပ်ပေ'
"မမလို့ တူတူမဆိုးတော့ဘူးလေ မမ မခေါ်တော့ တူတူ ဘာမှ မစားနိုင်မသောက်နိုင်ဘူးး ဟီးးး ဒါက မမအတွက် ရော့"
'ရိပ်လက်ထဲက ငှက်ပျောသီးနဲ့ကြံတစ်ချောင်းကို မိုးသူက ကြည့်လာတော့ သိက္ခာမလုံပြီး မိုးသူဆီအတင်းထိုးပေးနေတော့သည်'
"-----"
"အီးးဟီးးးးးးမမက တူတူကို မခေါ်တော့ဘူးး မမ မခေါ်တဲ့ဘဝမှာမနေဘူးး သတ်သေပစ်မယ် အီးးဟီးးး"
'ရိပ်က ဝမ်းနည်းလွန်းလို့ မျက်ရည်များကျလာတော့သည်'
*တူတူရယ် နင်က ငါ့ထပ်အငယ်ပါ နင့်အကြောင်းမသိရင် နင့်အစ်မ မလုပ်ဘူး*
"မမကြည့်နေ ငါ့ကိုယ်ငါ သတ်သေပစ်မှာ အဘလည်းကြည့်နေ ကိုယ့်မြေးဘက်ကကူမပေးဘူး တူတူ မရှိမှ တူတူရဲ့တန်ဖိုးနားလည်ကြမှာ အဟင့် "
'အိမ်ထဲထိုင်နေတဲ့ အဘကိုလည်း ရန်လုပ်နေတော့သည်'
*စောက်ကျိုးနဲ့!!"×2
'ငှက်ပျောဖီး ၂ဖီးယူပြီး ထိုင်စားနေတဲ့ ရိပ်ကိုကြည့်ပြီး အဘနဲ့အစ်မက စိတ်လေနေတော့သည်'
"တူတူ သတ်သေမယ်ဆို အဘက ကြည့်မလို့လေ အခုဘာလုပ်နေတာလဲ"
"ဟာ အဘ ကျုပ်အခု သတ်သေနေတာလေ ငှက်ပျောသီးစားပြီး နင် သေအောင်လို့"
'ရိပ်က တစ်လုံးပြီးတစ်လုံး ခွာစားနေတော့သည်'
"ဟေ အဲ့ဒါ သေတယ်လား"
"သေကိုသေတယ် ငှက်ပျောသီးစားလို့ မသေရင် အိမ်ထဲမှာ ဒေါက်တာကြီးဝယ်ပေးတဲ့ ပန်းသီးတွေရှိသေးတယ် ထပ်စားပြီး သေပြမယ်"
"ကျုပ်နဲ့အဘ ဆန်ရွေးရင်း ထိုင်ကြည့်နေမယ် မြေကျွင်းပါ တူးထားရမလား မိုးတူ"