Part 38
2.4K 239 58
"မမ မုန့်လုံးရေပေါ် က မရသေးဘူးလား"
"ဟဲ့ တူတူ မောင်းထောင်း(ဆုံထောင်း)တာ ကူဆို မကူဘူး ဆန်တောင် မကြေသေးတာ ဘယ်က မုန့်က ထွက်လာမှာလဲ"
'ရိပ်က ဆုံထောင်းနေတဲ့ဘေး ထိုင်ကာ ပြောနေတော့သည်'
#ပေါက်စတို့ မြင်ဖူးကြလား မောင်းထောင်းတာကိုလေ ငရုတ်ဆုံ အကြီးစားပါပဲ ကျည်ပွေ့ကို သစ်သားအရှည်ကြီးတပ်ထားပြီး ခြေထောက်နဲ့ နင်း ထောင်းရတာလေ ယဉ်လေးလည်း သိပ်ရှင်းမပြတတ်ဘူး ငယ်ငယ်က ဘဘ တို့အိမ်ရှိလို့ သိရတာ
"နို့ ကျုပ်အစ်မ က ခြေလေးတစ်ဖက်မြှောက်ပြီး မောင်းထောင်းနေတာ ကျက်သရေ ရှိလွန်းလို့ ထိုင်ကြည့်နေတာပါ လုံးဝ မိန်းမပီသချက်ပဲ "
"အမလေးး တူတူရယ် မြှောက်ပြီး ခိုင်းမနေနဲ့ လာ ကူနင်း"
"မမရယ် ကျုပ်က လက်ကျိုးနေတာလေ"
"နင့် ခြေထောက်က အကောင်းကြီးပါ လာ မောင်းထောင်း  ဆန်မွှေဆိုတော့ မမွှေဘူးး"
"မမရဲ့ ကျဉ်ပွေ့ကျလာတာက ကြောက်စရာကြီး ကျုပ်လက်ချောင်းတွေပေါ် ပိပြီး ကျိုးသွားမှ မိုးတူက တစ်သက်လုံး ဒုက္ခိတ ဖြစ်ရချည်ရဲ့"
'ရိပ်က ထလာပြီး ဆုံထောင်းဖို့ ကူနင်းပေးလိုက်သည်'
"ဟဲ့ ဟဲ့ ဖြေးဖြေး နင်းပါဟဲ့ ဆန်တွေ ခုန်ထွက်ကုန်ပြီ ပျာ သလောက် ဖွဲမထွက်ဘူးး"
"လုပ်စရာ ရှိရင် ဒေါက်တာကြီးလည်း မလာဘူး သူ့ဗလနဲ့ဆို ဆန်က ခဏအမှုန့်ဖြစ်မှာ"
"အခုမှ သတိရမနေနဲ့ နင် ကိုယ်တိုင် ဓားနဲ့လိုက်ထားတာလေ မချစ်ဘဲ ခိုင်းကြ ခိုင်းစားချင်တာ အံ့ပါရဲ့"
"ဒီဟာ အကုန် ကူထောင်းပေးရင် ရပြီမို့လားး ဒေါက်တာကြီးက ကျုပ် ချစ်လို့သာပဲ မမသာ ချစ်တယ်ဆို မလွယ်ဘူးး ကောင်းကြောင်းတွေက ပြောလိုက်တာ"
"တူတူ အူတိုနေတာလားး ဟားးဟားး"
"ဘယ်မှာ တိုလဲ ကောင်းကောင်းလုပ် သင်္ကြန်ရောက်တာတောင် ရေမဆော့ရဘူးး လက်စုတ် လက်ပျက် ခုကြတော့လည်း မောင်းထောင်းနေရတယ် ဒီနှစ်က တူတူအတွက် ကံဆိုးတဲ့နှစ်"
"ပြီးရင် မစားတာ ကြနေတာပဲ"
"မမ သူငယ်ချင်းတွေက ဘယ်သေကုန်တာလဲ စားရင်ဖြင့် သွားဖြဲနားဖြဲ စားကြတာ မောင်းကြ ကူမထောင်းကြဘူး"